Jokes: Golden Toilet
Wedding Rings

Fun for My Friends

Wednesday, September 9, 2009

Golden Toilet

မိန်းမ။             ။ဟယ်...မောင်ပြန်လာပြီ...
ယောင်္ကျား။     ။မိန်းမ...ကိုယ်အရမ်းဝမ်းနည်းတယ်ကွာ...
မိန်းမ။             ။ဘာဖြစ်လို့ လဲ မောင်ရ....
ယောင်္ကျား။     ။ကိုယ့်သူငယ်ချင်းဖိုးထောင် မယုံနိုင်လောက်အောင် ကြီးပွားနေပြီကွ...
မိန်းမ။             ။ဘယ်လောက်တောင် ကြီးပွားနေလို့ လဲ မောင်ရ...
ယောင်္ကျား။     ။ကွာ...ဘယ်လောက်ထိလဲဆို..အိမ်သာအိုးတောင်ရွှေနဲ့  လုပ်ထားတာကွ... အီး ဟီး ရွှတ်...
မိန်းမ။             ။အို အဲလောက်တောင်ပဲလား...ဟုတ်ပါ့မလားမောင်ရယ်....
ယောင်္ကျား။     ။အီး....ဟုတ်ပါတယ်ဆို...ငါကိုယ်တိုင် ခုတင် အဲဒီ ရွှေအိမ်သာအိုးမှာ အီအီး ပါခဲ့တယ်...
မိန်းမ။             ။ဟယ်...ချမ်းသာလိုက်ကြတာ...
ယောင်္ကျား။     ။အီး....ငါ သူ့  ကိုလိုက်မမှီနိုင်တော့ဘူး.... အီး..... သူများတွေ ရွှေအိုးနဲ့  အီးပါနေပြီ.... ငါသေချင်တယ်.....
မိန်းမ။             ။အင်း.....ငါကိုယ်တိုင်ကြည့်ချင်လိုက်တာ...


နောက်တစ်နေ့ .....မိန်းမက ကိုဖိုးထောင်အိမ်သို့ သွားသည်။
မိန်းမ။                  ။အစ်မကြီး..ကျွန်မ ကိုနေအောင့် အမျိုးသမီးပါ။ အစ်မကြီးတို့  အိမ်မှာ အိမ်သာအိုးကို ရွှေနဲ့  လုပ်ထားတယ်လို့ ကိုနေအောင်က ပြောပါတယ်။ အဲဒါ ကျွန်မလဲ ကြည့်ချင်လို့ ခဏလောက်ပြပါလား ဟင်...
ဖိုးထောင်မိန်းမ။   ။ယောင်္ကျားရယ်...ဟောဒီမှာ အူကြောင်ကြောင် ရှင့်သူငယ်ချင်းရဲ့ မိန်းမရောက်နေတယ်။
ဖိုးထောင်။           ။ဘယ်သူ....
ဖိုးထောင်မိန်းမ။   ။ဟို... ရှင်၊ ညတုန်းက မူးမူးနဲ့  ရှင့် saxophone ထဲ အီ အီး ပါချတဲ့တစ်ယောက်ပေါ့...
AMZ


ဒါလဲ ကာတွန်း ကို ကူးရေးထားတာဖြစ်ပါကြောင်း...
ခိခိ

No comments: