Jokes: August 2009
Wedding Rings

Fun for My Friends

Sunday, August 30, 2009

Muthu Jokes

မူးတူးနှင့် အင်တာဗျူးသူ

အင်တာဗျူးသူ-----ခင်ဗျားရဲ့ မွေးနေ့ ကဘယ်နေ့ လဲ။
မူးတူး-------------အောက်တိုဘာ ၁၃။
အင်တာဗျူးသူ-----ဘယ်နှစ်လဲ။
မူးတူး-------------နှစ်တိုင်းပဲဗျ။


မူးတူးနှင့် မန်နေဂျာ

မန်နေဂျာက အင်တာဗျူးတစ်ခုတွင် မူးတူးကိုမေးသည်။
----------ခင်ဗျား စာတစ်ရာလောက်ရှိတဲ့ စကားလုံးကိုသိလား။
မူးတူး----စာ-တိုက်-ပုံး။


မူးတူးနှင့် လန်ဒန်ခရီးစဉ်

နိုင်ငံရပ်ခြားခရီးတစ်ခုမှပြန်လာပြီးနောက် မူးတူးကသူ့ မိန်းမကိုမေးသည်။
----------မိန်းမရေ...ကိုယ်က နိုင်ငံခြားသားနဲ့ တူလို့ လားကွာ။
မိန်းမ----မတူပါဘူး။ ဘာလို့ မေးတာတုန်း။
မူးတူး----လန်ဒန်မှာတုန်းက အမျိုးသမီးတစ်ယောက်က ကိုယ့်ကို "ရှင်ကနိုင်ငံခြားသားလား" လို့ မေးတယ်။
အဲဒါကြောင့်ကွ။
မိန်းမ----??????????


မူးတူးနှင့် ကမ္ဘာလှည့်ခရီးသည်

အမေရိကား မှလာသောကမ္ဘာလှည့်ခရီးသည်တစ်ယောက်က မူးတူးကိုမေးသည်။
-------------ခင်ဗျားတို့ ရွာမှာ လူကြီးလူကောင်းတွေကိုမွေးသလား။
မူးတူး-------ဟင့်အင်း...ဒီရွာမှာ ကလေးတွေပဲမွေးတယ်ဗျ။


မူးတူးနှင့် သူ၏စမ်းသပ်မှု

မူးတူးက ပိုးဟပ်တစ်ကောင်နဲ့ စမ်းသပ်မှုတစ်ခုပြုလုပ်ပါတယ်။
ပထမဆုံး ပိုးဟပ်ရဲ့ ခြေထောက်တစ်ချောင်းကိုဖြတ်လိုက်တယ်။
ပြီးတော့ "လမ်းလျှောက်၊ လမ်းလျှောက်" လို့ ပြောလိုက်တယ်။
ပိုးဟပ်ကလျှောက်တာပေါ့။
နောက် ခြေတစ်ချောင်းထပ်ဖြတ်ပြီး ခုနကလိုပဲထပ်ပြောတယ်။
ပိုးဟပ်ကလဲလျှောက်တာပေါ့။
နောက် ခြေတစ်ချောင်းထပ်ဖြတ်ပြီး ထပ်ပြောပြန်ရော။
ခြေထောက်တွေအကုန်လုံးလဲ ဖြတ်ပြီးရော...သူက ပိုးဟပ်ကိုလမ်းလျှောက်ခိုင်းပြန်တယ်။
ဒီတစ်ခါတော့ ပိုးဟပ်ကမလျှောက်တော့ပါ။
မူးတူးကရုတ်တရက်ထအော်လိုက်တယ်.....
"ကျွန်တော်သိပြီဗျ။ ပိုးဟပ်ရဲ့ ခြေထောက်တွေအားလုံးကိုဖြတ်လိုက်ရင်
သူတို့ နားကန်းသွားကြတယ်။"


မူးတူးနှင့် သုံးဘီးဆရာ

မူးတူးနဲ့ သူ့ မိန်းမတို့ သုံးဘီးဆိုင်ကယ်တစ်ခုစီးလာသည်။
သုံးဘီးဆရာက နောက်ကြည့်မှန်ကိုချိန်နေတာလဲမြင်ရော မူးတူးက.....
"ဟေ့လူ....ခင်ဗျား ကျုပ်မိန်းမကို ကြည့်ဖို့ ကြိုးစားနေတာ မဟုတ်လား။
ဒီလိုတော့ဘယ်ရမလဲ။ လာ...ခင်ဗျားနောက်မှာလာထိုင်။ ကျုပ်မောင်းမယ်။"


မူးတူး ဟိုတယ်တစ်ခုတွင်

မူးတူး ဟိုတယ်တစ်ခုသို့ သွားသည်။ ဗေစင်တွင် လက်သွားဆေးသည်။
လက်ဆေးပြီးနောက် ဗေစင်ကိုဆေးတော့သည်။
သူ့ မန်နေဂျာကမြင်ပြီး ဘာလုပ်နေတာလဲ မေးတော့ မူးတူးက ဆိုင်းဘုတ်တစ်ခုကို ညွှန်ပြသည်။
"WASHBASIN"


မူးတူးနှင့် အင်တာဗျူးသူ (နောက်ဆုံးပိုင်း)

အင်တာဗျူးသူ-----အကယ်၍ ခင်ဗျားဟာအဆောက်အဦးတစ်ခုရဲ့ အထပ်(၂၀) မှာ ရောက်နေတယ် ဆိုပါစို့ ။ အဲဒီမှာမီးလောင်နေတယ်လို့ စိတ်ကူးယဉ်ကြည့်ပေါ့ဗျာ။ ဒါဆိုခင်ဗျားဘယ်လိုလွတ်အောင်လုပ်မလဲ။
မူးတူး-------------ရှင်းရှင်းလေးပဲဗျာ။ ကျွန်တော် စိတ်ကူးယဉ်တာကိုရပ်လိုက်မှာပေါ့ဗျ။




P.S. e-mail ကဟာသတစ်ခုကို တတ်သလောက်မှတ်သလောက်ဘာသာပြန်ထားတာ။
လိုနေတာပိုနေတာရှိရင်ပြောနော်။ May you be happy!
ခိခိ

Saturday, August 29, 2009

နောက်တစ်ယောက်အတွက် အကြောင်းပြချက်

အသဲဆိုတာတစ်ခါကွဲပြီးရင်နာသွားတယ်.....
နာတဲ့အတွက် ရောင်သွားတယ်.....
ရောင်တဲ့အတွက် အသဲကကြီးသွားတယ်.....
ကြီးတဲ့အတွက်.....

နောက်တစ်ယောက်ပိုဆန့်သွားတယ်!!!!!!!


gtalk ကစာသားလေးသဘောကျလို့ ကူးထားတာ

Friday, August 28, 2009

ဟာသများ(၁)

ဆရာကြီး၏ နောက်ဆုံးဆေးလုံး


တစ်ခါက ရွာတစ်ရွာမှာ စုန်းမကြီးတစ်ယောက် သောင်းကျန်းနေလေသည်။ ရွာသားများသည် ကြံရာမရ သည့်နှင့် တခြားနယ်မှ အထက်လမ်းဆရာကြီးကို သွားပင့်ကြလေသည်။ မကြာမှီ ထိုဆရာကြီး နှင့် သူ၏ တပည့် ရောက်လာ ကာ စုန်းမကြီးကို ပညာပြိုင်ရန် ချိန်းလေသည်။ စုန်းမကြီး နှင့် ဆရာကြီးတို့သည် ရွာ ထိပ်ရှိ ကွင်းပြင်တွင် ပညာပြိုင်ကြမည် ဖြစ်လေရာ ရွာသားများလည်း ရွာလုံးကျွတ်မျှ အားပေး ကြလေ သည်။
ဆရာကြီး- ဟယ် စုန်းစုတ် ဒီရွာက အမြန်ထွက်သွားစမ်း
စုန်းမ- ဆရာစုတ် နင်ကရော ဘယ်လောက်စွမ်းလို့လည်း
ဆရာကြီး- သိကြသေးတာပေါ့
ဟုဆိုက သူတပည့် ဘက်ကိုလှည့် ပြီး“ ပေးစမ်းငါ့ရဲ့ ဆေးကြိမ်လုံး “

တပည့်ထံမှ ဆေးကြိမ်လုံးယူပြီး ပါးစပ်က ဂါထာရွတ်ကာ ဆေးကြိမ်လုံးဖြင့် မြေကြီးကို ရိုက်လိုက် လေသည်။ သို့သော် စုန်းမကြီးက မဖြုံ။ ဘာမှမဖြစ်သည့် အပြင် တဟီးဟီး တောင်ရီနေသေးသည်။ ထိုအခါဆရာကြီးက တပည့် ပေးစမ်း ရေမန်း ဟုဆိုကာ ရေမန်းဖြင့် ပက်ပြန်လေသည်။ သို့သော် အချည်း အနှီး ပင်။ ဆရာကြီး ၏တပည့်ဖြစ်သူမှာ ချွေးသီးချွေးပေါက်တွေပြန်နေလေပြီ။ ဆရာကြီးမှ တဖန် ဆေးလုံး တစ် လုံးထုတ်ပြီး မန်းပြန်လေသည်။ ပြီးနောက် ထိုဆေးလုံးဖြင့် ပေါက်လိုက်သော်လည်း စုန်းမကြီး မှာ မဖြုံချေ။ ဆရာစုတ်နင့် ပညာ ကုန်ပြီလားဟုတောင်မေးနေသေးသည်။ တပည့်ဖြစ်သူမှာ ပြေးဖို့ပြင်နေ လေပြီ။ ဆရာကြီးက မကြောက်ရန်ပြောပြီး
“ပေးစမ်း ငါ့ ဆေးလွယ်အိတ်“ ဟုဆိုကာ တပည့် ထံမှ လွယ်အိတ်ကို ယူ၍အထဲမှ လက်သီးဆုတ်ခန့် ရှိသော ဆေးလုံးကြီး တစ်လုံးကို ထုတ်ကာ ပါးစပ်နားတေ့ မန်းမှုတ်ပြီး လျှင် စုန်းမကြီး ထံသို့ ပစ်ပေါက် လိုက်လေသည်။ ထိုအခါမှ မီးလုံးကြီးပွင့် သွားပြီး စုန်းမကြီးမှာ အစိတ်စိတ် အမွှာမွှာဖြစ်သွားလေတော့ သည်။
ရွာသူရွာ သားများ မှာ ဆရာကြီးကို အလွန် အမင်း ယုံကြည် လေးစားသွားကြပြီး လက်ဆောင် များ စွာကန်တော့ လိုက် ကြလေသည်။ အပြန်ခရီးတွင် တပည့်ကမေးလေသည်။
“ဆရာကြီး ၊ ဆရာကြီး နောက်ဆုံးထုတ်လိုက်တဲ့ဆေးက ဘာလဲဗျ။ ကျွန်တော်လည်း တစ်ခါမှ မမြင်ဘူးပါလား“
ထိုအခါ ဆရာကြီးက ဘေးဘီကို ကြည့်ကာ လေသံကို နှိမ့်လိုက်ပြီး
“ဘယ်သူ့မှာ လျှောက်မပြောနဲ့ ကွ အဲဒါ ဂျပန်တွေဆီက ရလိုက်တဲ့ လက်ပစ်ဗုံး“ ဟူ၏။



သရဲ ထင်လို့ပါ


တစ်ခါက လူတစ်ယောက်သည် မနက် ဝေလီဝေလင်း အချိန်တွင် သင်္ချိုင်းကုန်းနားမှ ဖြတ်သွားရာ ကြောက် သဖြင့် သုတ်သုတ် သွားလေသည်။ ထိုအချိန်တွင် နောက်မှာ သူ့နောက်သို့ ကပ်လိုက်လာသော ခြေသံ ကြားလေသည်။ သူသည် ကြက်သီး မွှေးညင်းများ ထလာကာ ပိုပြီး မြန်မြန်လျှောက်ရာ နောက်က ခြေသံ ကလည်း ပိုမြန်လာလေသည်။ ခြေသံက ကပ်လာသဖြင့် သူနောက်လှည့်ကြည့်လိုက်ရာ ခေါင်းကြီး ကြီး ကိုယ် လုံးသေးသေး သရဲကို တွေ့ရသဖြင့် အောင်မလေး ဟုအော်ကာ ကြောက်ကြောက် နှင့် သရဲခေါင်းကို ခြေထောက် နှင့်ကန်ပြေးလေသည်။ လူစလူနတွေ့သော နေရာ ရောက်မှ လူတွေက သူ့ကို မနည်း နှာနှပ် ယူရလေသည်။ သူကရှင်းပြသည်။
“သရဲကြီး ဗျာ ခေါင်းက အကြီးကြီး ကိုယ်လုံးက သေးသေးလေး“ အခြားသူတွေလည်း ကျောချမ်းကုန် ကြလေသည်။ ထိုအချိန်တွင် ကလေးလေး တစ်ယောက် တောင်းအကြီးကြီး ရွက်ပြီး ငိုမဲ့ ငိုမဲ့ ဖြင့် ရောက် လာကာ
“ဒီလူကြီး တော်တော် ဆိုးတဲ့လူကြီး ဗျာ ကျွန်တော်မှ သရဲကြောက်လို့ သူ့နောက်က ကပ်လိုက်ပါတယ် ဆို ကျွန်တော့် ကို ကန်ပြီးထွက်ပြေးတယ်“ ဟူ၏။



သူရဲကောင်းရွေးခြယ်ပွဲ


တစ်ခါကဘုရင်ကြီးတစ်ပါးသည် နိုင်ငံ အတွင်းတွင် သူရဲကောင်းရွေးခြယ် ပြီးသူကောင်းပြုရန်အတွက် အကြံရလေသည်။ သူသည် သူ၏ဖောင်တော်ကို မိချောင်းများ မွေးမြူထားသော ရေကန်၏အလယ်တွင် ကျောက်ချစေပြီး မူးမတ်များကို ဤသို့ကြေငြာစေသည်။
“တိုင်းသူပြည်သားများ ခင်ဗျား ဘုန်းကံ ကြီးမြတ်သော ရွှေနန်းရှင် ၏သူရဲကောင်းရွှေးခြယ် ပွဲကြီး စတင်ပါမည်ခင်ဗျား မိချောင်းများကို တိုက်ခိုက်၍ ဤရေကန်ကို ကူးခတ်လာနိုင်သူအား ဘုရင်မင်းမြတ် ကြီးမှ ဆုတော်လာဘ်တော်များ ပေးသနားပြီး သူရဲကောင်းအဖြစ် ချီးမြောက်မည်ဖြစ်ပါသည်။ ပြိုင်ပွဲ စပါပြီခင်ဗျား။ “

ပရိတ်သတ် များသည်ကမ်းလုံးပြည့်မျှစည် ကားလှ၏။ အမတ်ကြီးက ထိုသို့ကြေငြာလိုက်သော်လည်း ပရိတ်သတ်ကြီးက တုတ်တုတ်မျှမလှုပ်။ မည်သူမှ ရေထဲ မဆင်းရဲပဲ ငြိမ်သက်နေကြသည်။ အတန်ကြာ တော့ ဘုရင်ကြီးဒေါသထွက်လာသည်။ ငါကိုယ်တော်ရဲ့တိုင်း ပြည်ထဲမှ ရဲစွမ်းသတ္တိရှိတဲ့သူ မရှိတော့ ဘူး လားဟု မူးမတ်များကို မေးသည်။ တစ်ခဏနေ သော် ရေထဲသို့ လူတစ်ယောက် ဗွမ်းခနဲ့ ခုန်ချ သွား သည်။ မိချောင်းများက သူ့ထံသို့ စုပြုံ လိုက်ကြလေသည်။ ထိုသူသည် မိချောင်းများကို ရှောင်တိမ်း ရင်း ဖောင်ဆီသို့ ရောက်အောင်ကြိုးပမ်းလေ၏။ ပရိတ်သတ်ကြီး လည်း အသက်ပင် မရှုနိုင်ပဲ သည်းထိတ် ရင်ဖို စွာ ကြည့်ရှု့ကြလေသည်။ နောက်ဆုံးတွင် ထိုသူသည် ဖောင်တော်ဆီ သို့ အောင်မြင်စွာ ရောက်ရှိလေ သည်။ ထိုအခါ ဘုရင်ကြီးက အားရတော်မူပြီး ရွေဓါးဆုကို ချီးမြင့်လေသည်။ မူးမတ်များ က ချီးကျူး စကား ဆိုကြ၏။ ပရိတ်သတ်များကလည်း သောင်းသောင်းဖျဖျ လက်ခုပ်တီး သြဘာပေး ကြလေသည်။
ထို့နောက် ပရိတ်သတ်များ ငြိမ်သက်စေရန် အမတ်ချုပ်ကြီးက လက်ကာပြလိုက်ပြီး သူရဲကောင်းကြီးအား “သူရဲကောင်းကြီး အနေနဲ့ ပရိတ်သတ်ကြီးကို ဘာများပြောချင်ပါသေးသလဲခင်ဗျာ“ မေးလိုက်ရာ သူရဲ ကောင်းကြီးမှ ပရိတ်သတ်ကြီးဖက်ကို လှည့်လိုက်ပြီး
“ဘယ် မအေ..... ကျုပ်ကိုတွန်းချတာလဲကွ“ ဟူ၏။



သေချာပြောပါ


မော်တော်တစ်စီးပေါ်တွင်ဖြစ်သည်။ အဒေါ်ကြီးတစ်ယောက်သည် အိတ်ဇောပိုက်ကြီး အနီးတွင် တောင်းကြီးပိုက်ပြီးထိုင်နေသည်။ မော်တော်ထွက်သောအခါ မော်တော် မောင်းသူက သတိပေးသည်။
“ဒေါ်ကြီး အဲဒါအိတ်ဇောနော်“
“အေးပါသိပါတယ်ဟဲ့“
မကြာမှီထိုသူက ထပ်သတိပေးပြန်သည်။
“ဒေါ်ကြီး အဲဒါအိတ်ဇောနော်“
“အေးပါသိပါတယ်ဆို“
ထိုအချိန်တွင်မော်တော်က လှိုင်းအပုတ်တွင် လှုပ်သွားရာ ထိုအဒေါ်ကြီးမှာ အိတ်ဇောဖြင့်ထိမိလေရာ ထအော်လေသည်။
“အမလေးပူလိုက်တာ“
ထိုအခါမော်တော်မောင်းသူက
“အဒေါ်ကြီးကို ပြောသားပဲ အဲဒါအိတ်ဇောပါလို့“
ထိုအခါ အဒေါ်ကြီးက ဤသို့ပြန်ပြောလေသတည်း။
“သေနာလေး ပူ ပူတယ်ပြောတာမဟုတ်ဘူး အိတ်ဇောလေးဘာလေးနဲ့“….



ဂဏန်းကြီး နှစ်ခါလျှောက်


တစ်ခါကကျေးရွာတစ်ရွာရှိဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ဖိုးသူတော်တပါးရှိလေသည်။ တစ်နေ့သော် ရွာရှိဒကာတစ်ဦးက ဂဏန်းများလာပေးရာ အရှင်တွေဖြစ်နေသည်။ ဆရာတော်သိလျှင် ထိုဂဏန်းအား လုံးကို လွတ်ပစ်ရမည်ဖြစ်သည်။ ဖိုးသူတော်က ဂဏန်းလည်း စားချင်သည် ဆရာတော်ဆူမှာ ကိုလည်း ကြောက်သဖြင့် ဂဏန်းများကို မချက်ရဲပဲ အကြံအိုက်နေသည်။ နောက်ဆုံးတွင် အကြံတစ်ခုရသည်။ သူသည် မီးဖိုကြီးဖိုပြီး အပေါ်တွင် ရေနွေးဒန်အိုးတယ်ပြီး။ ပြီးလျှင် ဒန်အိုးပေါ်တွင် ၀ါးခြမ်းသေး သေး လေးတင်ပြီး ဂဏန်းများကို ဖြတ်လျှောက်စေပြီး
“ကဲဂဏန်းတွေရေ မင်းတို့နဲ့ငါနဲ့ကစားကြမယ် မင်းတို့ ဒီဝါးခြမ်းကို ဖြတ်လျှောက်နိုင်ရင် လွပ်လပ်ရာသွားပေတော့“
ဟုဆိုကာတစ်ကောင်ပြီးတစ်ကောင် ၀ါးခြမ်းပေါ်သို့ တင်ပြီး ဖြတ်လျှောက်စေသည်။ ထိုအခါ ၀ါးခြမ်းက သေးသည်ကတစ်ကြောင်း ရေးနွေးငွေ့အပူကြောင့် လည်းကောင်းတစ် ကောင်ပြီးတစ်ကောင်ရေး နွေးအိုးထဲကျကုန်၏်။ နောက်ဆုံးတွင် အကြီးဆုံး ဂဏန်းကြီး အလှည့်တွင် မူကား ထိုဂဏန်းကြီးသည် အားကောင်းမောင်းသန်ဖြစ်သဖြင့် ၀ါးခြမ်းကို ကုတ်ကတ်ပြီး ဖြတ်ကျော်သွားနိုင် လေသည်။ ထိုအခါဖိုးသူတော် က အားမလိုအားမရဖြစ်ပြီး
“မင်းက အကောင်ကြီးတယ် နှစ်ခေါက်ဖြတ်“
ဟုဆိုကာ ဂဏန်းကြီးကို ၀ါးခြမ်းပေါ်သို့ပြန်တင်လိုက်လေ သတည်း။

e-mail

ငယ်ချစ်ဦးနှင့် မပေါင်းဖက်လိုက်ရသော်လည်း

ငယ်ချစ်ဦးနှင့် မပေါင်းဖက်လိုက်ရသော်လည်း ထိုငယ်ချစ်ဦးနှင့်ပတ်သက်သော
မေ့မရသည့် နေ့ရက် များစွာသည် လူတိုင်းတွင် ရှိနေလိမ့်မည်ဟုကျွန်တော် ထင်သည်။

ထို ပေါင်းဖက်ခွင့် မကြုံလိုက်ရသောငယ်ချစ်ဦးနှင့် မထင်မှတ်သည့်နေရာတွင်
မထင်မှတ်စွာ ဆုံတွေ့ လိုက်ရသည့် တစ်ခဏတွင် မိန်းမသားများက ဣနြေ္ဒရရ နှင့်
အမှားအယွင်းမရှိ ထိန်းသိမ်းပြောဆို နေထိုင်တတ် ကြသော်လည်း ကျွန်တော်တို့လို
အတောင်နှစ်ဆယ်ဝတ် မင်းယောက်ျားများမှာ ထိုတစ်ခဏမှာပင် အယောင် ယောင် အမှားမှား
နှင့် ဖြစ်တတ်ကြသည်ကို မကြာခဏ ကြားရ၊ ကြုံရ ၊ မြင်တွေ့နေရသည်။

ကျွန်တော့် သူငယ်ချင်း ဘုတလင်နယ်သား ကိုသစ် ဆိုသူသည် ရည်းစားဟောင်း
နှင့်လက်ဖက်ရည်ဆိုင် တွင် ဆုံတွေ့လိုက်ရသော တစ်ခဏ၌ ရေနွေးမပါသော
အကြမ်းပန်းကန်လွတ်အား တဖူးဖူးနှင့် မှုတ်ကာ မော့သောက်ခဲ့ဖူးသည်။

မောင်တရုပ်ကြီး တစ်ယောက်ကတော့ ငယ်ချစ်ဟောင်းနှင့် ဆုံမိလေသော တစ်ခဏတွင်
စီးကရက်ကို ပြောင်းပြန်ခဲပြီး အစီခံကို မီးညှိကာ ဟန်ပါပါနှင့်
ဖွာရှိုက်ခဲ့ဖူးပါသည်။

ယောကြီးကတော့ ထိုသို့ မဟုတ်။ စားသောက်ဆိုင်မှ အထွက် ရည်းစားဦးတို့ လင်မယားကို
ထိပ်တိုက် တွေ့ဆုံရလေရာ ကသောကမျော နှုတ်ဆက်ပြီး ဆိုင်ကယ်ပေါ်တက်အခွတွင်
သူများဆိုင်ကယ်အား မှားခွမိသဖြင့် စကားအချေအတင်များခဲ့ရသည်။

ကူကူး ကျတော့ တစ်မျိုး ၊ ဘတ်စ်ကားစောင့်နေစဉ် မဆုံဆည်းလိုက်ရသော ရည်းစားဦးကို
ရုတ်တရက် တွေ့ဆုံလိုက်ရသဖြင့် ကယောင်ကတမ်း သွားဖြဲပြပြီး ရောက်လာသောကားပေါ် သို့
ကမန်းကတန်း တက်မိပြီးမှ ကားမှားစီးမိမှန်းသိရကာ ရှေ့မှတ်တိုင်တွင်
ပြန်ဆင်းခဲ့ရဖူးသည်။

ကျွန်တော်လည်း မဆုံဆည်းလိုက်ရသော ငယ်ချစ်ဦးကို မထင်မှတ်သည့်နေရာတွင်
မထင်မှတ်စွာတွေ့ဆုံ ခဲ့ရပါသည်။ ထိုနေ့သည် ချစ်ရသော " မေ " နှင့် ပတ်သက်၍
မေ့မရသော နေ့ ဖြစ်လာလိမ့်မည်ဟု ကျွန်တော် လုံးဝ ထင်မှတ်မထားခဲ့ပါ။

" မေ " နှင့် ပြန်လည်တွေ့ဆုံရသည့်နေရာကလည်း ..မြို့နယ် ဒေသန္တရ
ဆေးခန်းတွင်ဖြစ်သည်။ ထိုနေ့က ကျွန်တော် တုပ်ကွေးမိချင်သလိုလို ၊
ဖျားချင်သလိုလို ရှိသဖြင့် သူငယ်ချင်း ဒေါက်တာ တင့်ဆွေရှိရာ ဒေသန္တရ ဆေးခန်းသို့
လာပြသည်။ ဒေါက်တာ တင့်ဆွေက စမ်းသပ်မှုများ ပြုပြီး ဆေးစာရွက်ကလေးပေးကာ ပြောသည်။

" ကဲ …ဖိုးကျော် ..ဟောသည် စာရွက်ကို ယူသွား ၊ အပြင်ဖက်က အနီဝတ်
ဆရာမဆီကိုပြလိုက် ၊ လိုအပ် တာ

တွေ သူလုပ်ပေးလိမ့်မယ် …ကဲ နောက်တစ်ယောက်ဟေ့ …"

ကျွန်တော် ဆေးစာရွက်ကလေးကို ကိုင်ကာ
ဆေးကုသခန်းအပြင်ဖက်ယောင်ချာချာနှင့်ထွက်ပြီး အနီဝတ် နှင့် သူနာပြုဆရာမကို
ရှဖွေနေစဉ်မှာပင် တစ်ချိန်က ချစ်လှစွာသော " မေ " ကို မြင်တွေ့လိုက် ရခြင်း
ဖြစ်သည်။

" မေ " ကို မြင်တွေ့လိုက်ရခြင်း ဆိုသည်ထက် " မေ " ၏
ချောမောလှပသောမျက်နှာကလေးကိုမြင်တွေ့ လိုက်ရသည်ဟု ဆိုမှသာ မှန်ပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ကျွန်တော်ရှေ့တွင် ရှိနေကြသော အကျီင်္လက် များ
ကိုယ်စီပင့်လျှက် လက်မောင်းအား ဆေးထိုးရန် တန်းစီနေကြသည် အမျိုးသမီး သုံးလေးဦး
တို့၏ ဦးခေါင်းများ ပေါ် မှ ကျော်၍ " မေ "၏ ချောမောလှပသော မျက်နှာကလေးကို
အရင်ဆုံးတွေ့မြင်လိုက်ရခြင်းဖြစ်သည်။

တန်းစီရပ်နေကြသူတို့ဖြင့် ကွယ်နေသောကြောင့် " မေ " ၏ ကိုယ်ခန္ဓာအချိုးအစားသည်
အရင် အတိုင်း ဟုတ် ၊ မဟုတ် မသိရသော်လည်း မတိုမရှည်သော ဆံစနွယ်များ ၊
ရွှန်းလဲ့သော မျက်ဝန်းတို့မှာ အရင်အတိုင်း လှနေမြဲ ၊လှနေဆဲဖြစ်သည်ကို တွေ့ရသည်။

" အော် ….မေ ….မေ…..အရင်အတိုင်းပါဘဲလားကွယ် .."

သူမနှင့် ကျွန်တော်အကြားရှိ အမျိုးသမီးတစ်ယောက်ကို ဆင်မယဉ်သာ
ခြေလှမ်းနှုန်းထားဖြင့် ရှောင်ကွင်းလာနေသော " မေ " ကို ငေးမောကြည့်နေသော
ကျွန်တော့်မှာ လပြည့်ည လ၀န်းကြီးကို စောင့်မျှော်ရင်မောနေရသော
ကလေးငယ်တစ်ယောက်ကဲ့သို့ ဖြစ်နေမိသည်။ ထိုသို့ ရင်မောနေဆဲမှာပင်သူမနှင့်
ကျွန်တော် ကြားထဲရှိအမျိုးသမီးကို ရှောင်ကွင်းပြီးသည်နှင့် တပြိုက်နက်
ကျွန်တော်မြင်တွေ့လိုက်ရသော မြင်ကွင်း ကြောင့် ကျွန်တော့်ကို " မေ "
တွေ့မသွားစေရန် ဆုတောင်းရင်း ပြေးလမ်းကိုသာ ရှာမိတော့သည်။ အခြားတော့ မဟုတ်၊
လေများပြည့်တင်းကာ ပေါက်ကွဲလု ဆဲဆဲ ဖြစ်နေသည့် ပူစီဖောင်းကြီး ကဲ့သို့
ဖြစ်နေသော သူမ၏ ဗိုက်ကို မြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

ကွင်းဖဲတက်လာလျှင် ဒေါင်းတော့မည့်အချိန်တွင် ဘောင်ခတ်၍ တက်လာသည့် ဖဲအား ကွင်းဖဲ
ဟုတ် လေ နိုးနိုး နှင့် ရင်မောစွာ ပွတ်သပ်ကြည့်နေချိန်တွင်
နှုတ်ခမ်းမွှေးကားကားနှင့် ကင်းဖဲကြီးအား တွေ့မြင်လိုက်ရ သူပမာ ကျွန်တော် ဆတ်ကနဲ
တွန့်သွားသည်။

သည်မျှမကပါ ။ " မေ " ၏ လက်ကို ဆွဲလျှက်လိုက်ပါလာသည့်
ငါးနှစ်သားအရွယ်ကလေးငယ်ကိုပါ မြင်ရသည်၏ တစ်ခဏတွင် ကျွန်တော့်မှာ
နာရီစင်တံဆိပ်ဓာတ်ခဲကို ၀က်အူချောင်းအမှတ်ဖြင့် မြိုမိသူပမာ ရင်ဝတွင်
တစ်ဆို့ကြီးဖြစ်နေမိသည်။

အခြေအနေကို ရိပ်စားမိသည်နှင့် သူမ မမြင်အောင် ရှောင်ပုန်းရန် ကျိုးစားရင်း
ဆေးထိုးရန်တန်းစီနေသူ များအား အကာအကွယ်ယူ လိုက်သော်လည်း ကျွန်တော်
နောက်ကျသွားပြီဖြစ်သည်။ " မေ " ၏ အကြည့်က ကျွန်တော့်ထံသို့ ရောက်လာသည်။

တစ်လမ်းမောင်းသတ်မှတ်ထားရာလမ်းကိုမှ လမ်းပြောင်းပြန်မှားစီးမိသည့်
မော်တော်ဆိုင်ကယ်သမား တစ်ယောက် ရှေ့တည့်တည့်မှ ယာဉ်ထိန်းရဲနှင့် တိုးမိသည့်ပမာ
ကျွန်တော် ဖင်ကုတ်၊ခေါင်းကုတ် ဖြစ်နေ စဉ်မှာပင်

" ဟင် …နင် ဖိုးကျော် မဟုတ်လား …သေနာ ငါ့ကို မမြင်ချင်ယောင်ဆောင်ပြီး
လစ်ထွက်မလို့ပေါ့လေ "

" မေ " ကား အရင်အတိုင်းပင်။ အာပြဲကြီးနှင့်နှုတ်ဆက်သံကြောင့် အနီးရှိလူများ
လှည့်ကြည့်ကြသဖြင့် ကျွန်တော် အနည်းငယ် ရှက်သွားသည်။

" အဲ …မဟုတ်ပါဘူး ဟာ ..ငါလည်း နှုတ်ဆက်မလို့ ပါဘဲ …ဒါနဲ့ အလည်လာတာလား ..ဟင် "

" ဟဲ့ ..ဆေးခန်းကို အလည်လာပါ့မလားဟဲ့ ..ဗိုက်လာပြတာ ..နင်ကလေ အရင်အတိုင်းဘဲ
သိလား ..အူကြောင်ကြောင်နဲ့ "

ကျွန်တော် မွှန်ထူပြီးပြောမိသည်ကို မေ ရိပ်မိဟန်ရှိသည်။ ရယ်ကျဲကျဲနှင့်
ပြောလိုက်သော စကားသံအဆုံး တွင်တစ်ချိန်က ကျွန်တော်စွဲလန်းခဲ့ရသော
ပါးချိုင့်ကလေးနှစ်ခု ကို လှစ်ကနဲ မြင်လိုက်ရ သဖြင့် ဒိုင်း ကနဲ ရင်တွေ
ခုန်မိလိုက်သေးသည်။ နောက်တော့မှ " မေ " သည် နှုတ်ခမ်းမွှေး တစ်ကားကားနှင့်
ကင်းဖဲတစ်ချပ် ဖြစ်ကြောင်း သတိရ ကာ ရင်ခုန်သံ ပုံမှန်ဖြစ်သွားတော့သည်။

ဆက်တိုက် မေးလာမည့် " မေ " ၏ မေးခွန်းများကို ဖြေဆိုရန် ကျွန်တော်၌
ခွန်အားမရှိတော့ပါ။ နင် အိမ်ထောင်ကျပြီးပြီလား ၊ ကလေးဘယ်နှစ်ယောက် ရပြီလဲ
စသည်ဖြင့် မေးလာတော့မှာ သေခြာသည်။ ကျွန်တော်ကား " မေ " နှင့် လွဲခဲ့ပြီးနောက်
ချစ်သူရည်းစားပင် ထားခဲ့သူ မဟုတ်။ " မေ " ၏ နောက်ဆက်တွဲ မေးခွန်းများ ထွက်မလာမီ
ဆေးမြန်မြန်ထိုး ၊ သောက်ဆေးမြန်မြန်ယူပြီး ထိုနေရာမှ လစ်ထွက်ချင်နေပြီဖြစ်သည်။

ထိုစဉ်မှာပင် ရှေ့မှ အမျိုးသမီးကို ဆေးထိုးပြီးသွားသဖြင့် ကျွန်တော်လည်း
အကျီင်္လက်ကို ပင့်ကာ လက်မောင်းအားဆေးထိုးရန် ခါးထောက်ပေးလိုက်သည်။ ဆရာမ က
ကောင်တာဖက်သို့ လှည့်ကာ ဆေးထိုးအပ် နှင့် ဆေးကို စုပ်ယူနေဆဲဖြစ်သည်။ အမှန်က
ကျွန်တော်သည် ဆေးထိုးခံရမည်ကို လှံနှင့် ထိုးခံရ မည့်အလား
ကြောက်တတ်သူပင်ဖြစ်ပါသည်။ ယခု ငယ်ချစ်ယောင်း၏ ရှေ့မှောက် မှာတော့ စစ်သူကြီး
မဟာဗန္ဓုလ ခါးထောက် ရပ်နေသည့် ကြေးရုပ်တုကြီးပမာ ရဲစွမ်းသတ္တိအပြည့်ဖြင့်
ခေါင်းမော့ ရင်ကော့ ထားမိသည်။

ဆရာမက ကျွန်တော့် လက်မောင်းအား အရက်ပျံဆွတ်ကာ ဆေးထိုးရန်ပြုပြီးမှ သေခြာကြည့်
နေသဖြင့်

" ဟာ …ဆရာမ ထိုးမှာဖြင့် မြန်မြန်ထိုးဗျာ " ဟု အလောတကြီးပြောလိုက်မိသည်။

ကျွန်တော့် စကားအဆုံးတွင် မူလ က မှေးနေသော ဆရာမ၏ မျက်လုံးများသည် မှေးရာမှပြူး
၊ ပြူးရာမှ ကျယ်၊ ကျယ်ရာမှ …အဲ ကျယ်ရာမှ ဘာဖြစ်သွားသည်မသိ။

" အမလေး ….ရှင် …ရှင် …ဟင် ယောကျာ်းကြီး .."

" ဟမ် "

" ဒါ …ဒါ ကိုယ်ဝန်ဆောင်မိခင်တွေကို ကာကွယ်ဆေးထိုးပေးနေတာရှင့် ..ရှင်သွားရမှာက
ဟိုဘက် ကောင်တာမှာ .."

" ဟိုက် "

သည်တော့မှ ကျွန်တော်လည်း ပတ်ဝန်းကျင်ကို သတိထားမိတော့သည်။ ဗိုက်ကြီး၊ ဗိုက်လတ်၊
ဗိုက်ငယ် စသည်ဖြင့် ဗိုက်ဆိုက်စုံတို့၏ အလယ်တွင် ကျားကျားလျားလျား
ကျွန်တော်တစ်ယောက်တည်းဖြစ်နေသည်။

ဗိုက်ပဒေသာတို့၏ ရယ်မောသံတို့အားနောက်ချန်ထားလျှက် ဆေးခန်းအတွင်းမှ
ပြေးထွက်လာခဲ့ မိတော့သည်။ ရယ်မောသံတို့ အနက် " မေ " ၏ ရယ်မောသံမှာ
အကျယ်လောင်ဆုံးဖြစမည်မှာ သေချာ လှသည်။

ငယ်ချစ်ဦးနှင့် မပေါင်းဖက်လိုက်ရသော်လည်း ထိုငယ်ချစ်ဦးနှင့်ပတ်သက်သော
မေ့မရသည့် နေ့ရက် များစွာ သည် လူတိုင်းတွင် ရှိနေလိမ့်မည်ဟု ကျွန်တော်ထင်သည်။
နေ့ရက်များစွာတို့ အနက်မှ ထိုတစ်နေ့သည် ချစ်ရသော " မေ " နှင့် ပတ်သက်၍
မေ့မရသောနေ့ ဖြစ်လာလိမ့်မည် ဟု ကျွန်တော် လုံးဝထင်မှတ် မထားခဲ့ပါချေ။





Dr Mikey Nyo Minn Ko

ဖတ်မိသော ဟာသလေးမျာပါ။ မျှဝေလိုက်ပါ၏။

>> > (၁)
>> > နေရာ ... စိတ္တဇဆေးရုံ
>> >
>> > ဆေးရုံအုပ်.... "မနက်ဖြန်က အရေးကြီးတဲ့နေ့ တစ်နေ့နော်။ ဘာလို့လဲ သိလား?
>> > နိုင်ငံတော် အကြီးအကဲ လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးပြီး ငါက "အဟမ်း" လို့
>> > ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား..
>> > လက်ခုပ်တီးတဲ့လူကို အသားဟင်းကျွေးမယ်"
>> >
>> > နောက်တစ်နေ့ ....
>> > နိုင်ငံတော် အကြီးအကဲ လာရောက်စစ်ဆေးခဲ့သည်။ မိန့်ခွန်းပြောအပြီးတွင်
>> > ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင်း ချောင်းဟန့်လိုက်သည်နှင့်
>> > လူနာအားလုံး လက်ခုပ်တီးကြသည်။ ထိုအချိန်တွင် လူနာတစ်ယောက်က
>> > ရုတ်တရက်ရှေ့ထွက်ပြီး အကြီးအကဲကို ပါးတစ်ချက်ရိုက်လိုက်ပြီး
>> > ပြောလိုက်သည်မှာက "မင်းဘာလို့ လက်ခုပ်မတီးတာလဲ? အသားဟင်း
>> > မစားချင်ဘူးလားကွ" ဟူတည်း။
>> >
>> > (၂)
>> > ကျောင်းသားတစ်ဦးသည် ဆရာမတစ်ဦးကို တိတ်တခိုး နှစ်သက်စွဲလမ်းနေမိသည်။
>> > တစ်နေ့တွင် အရဲစွန့်ပြီး ဆရာမကို ချစ်ကြိုက်ကြောင်း ရင်ဖွင့်ခဲ့သည်။
>> > ဆရာမက ကျောင်းသားနှင့် ဆရာမှာ မချစ်သင့်ကြောင်း၊ မယူသင့်ကြောင်း
>> > အမျိုးမျိုးပြောဆိုဆုံးမခဲ့သော်လည်း ကျောင်းသားက အချစ်တွင် အသက်အရွယ်၊
>> > ရာထူးဂုဏ်သိက္ခာ မခွဲခြားကြောင်းပြောပြီး တစ်ဇွတ်ထိုး ရှေ့တိုးခဲ့သည်။
>> >
>> > ဆရာမက မတတ်တာသည့်အဆုံး မင်းလို ကလေးကို ငါမချစ်နိုင်ဘူးဟူသည့်သဘောဖြင့်
>> > "ဆရာမ ကလေးမလိုချင်ဘူး" ဟုပြောလိုက်ရာ ကျောင်းသားပြန်ပြောလိုက်သည်မှာက
>> > "ကလေးမရအောင် ကျွန်တော်သတိထားပြီး လုပ်ပါ့မယ်" ဟူတည်း။
>> >
>> > (၃)
>> > တစ်ခါက လှေတစ်စင်း မြုပ်လုနီးနီးမှာ ရဟတ်ယာဉ်တစ်စီး လာကယ်ခဲ့တယ်။
>> > ရဟတ်ယာဉ်ပေါ်က ကြိုးတစ်ချောင်းကို ပစ်ချပြီးကယ်တော့ ယောကျာ်း၁ဝယောက်နဲ့
>> > မိန်းမတစ်ယောက်က အဲဒီကြိုးမှာ ပါသွားခဲ့တယ်။ ကြိုးမှာချိတ်နေတဲ့
>> > လူ၁၁ယောက်ကို ရဟတ်ယာဉ်က မနိုင်ဘဲဖြစ်နေလို့ လူတစ်ယောက်
>> > လက်လွှတ်ပေးရမယ်ဆိုတော့ ယောကျာ်းတွေက လက်မလွှတ်ချင်ကြဘူး။ က "အားလုံးအတွက်
>> > ကျွန်မ အနစ်နာခံပါ့မယ်။ ကိုယ့်ယောက်ျားအတွက်၊ ကိုယ်ရင်သွေးတွေအတွက်
>> > ပေးဆပ်တာကို မမျှော်ကိုးဘဲ အမြဲစွန့်လွှတ် အနစ်နာခံနေရတဲ့ ကျွန်မတို့
>> > မိန်းမသားတွေအတွက် ဒါမျိုးက ရိုးနေပါပြီ.. "လို့ အော်ပြောလိုက်တယ်။
>> > အမျိုးသမီးလဲ ပြောပြီးရော ယောကျာ်းတွေ အားလုံး
>> > လက်ခုပ်ဝိုင်းတီးကြတော့တယ်..
>> >
>> > (၄)
>> > လူတစ်ယောက်ဟာ နိုင်ငံတော်အကြီးအကဲကို "အသုံးမကျတဲ့လူ" လို့ ပြောလို့
>> > အဖမ်းခံရသတဲ့။ ရုံးတင်စစ်ဆေးပြီးနောက် တရားသူကြီးက သူ့ကို ထောင်ဒဏ်
>> > ၁၀နှစ်နဲ့ ၆ရက် အမိန့်ချလိုက်တယ်။ ဘာဖြစ်လို့ ဒီလောက်ကြီးလေးတဲ့
>> > အပြစ်ကိုပေးရသလဲလို့ မေးတော့ တရားသူကြီးက " ပြစ်ဒဏ် ၆ရက်က
>> > နိုင်ငံတော်အကြီးအကဲကို စော်ကားတဲ့အတွက် ပြစ်ဒဏ် ၁၀နှစ်က
>> > နိုင်ငံတော်ရဲ့လျှို့ဝှက်ချက်ကို ဖော်ကောင်လုပ်တဲ့အတွက်" လို့
>> > ပြောလိုက်သတဲ့။
>> >
>> > (၅)
>> > တစ်ခါက နိုင်ငံတော် အကြီးအကဲ ခေါင်းဆောင်သုံးဦးဟာ ရဟတ်ယာဉ်စီးပြီး
>> > နိုင်ငံအခြေအနေကို လှည့်လည်ခဲ့တယ်။
>> > ပထမ အကြီးအကဲ " တကယ်လို့ အခုချိန်မှာ ငါသာ ငွေတစ်ထောင်တန်တစ်ရွက်
>> > ပစ်ချလိုက်ရင် ကောက်ရတဲ့လူက အရမ်းပျော်မှာပဲ"
>> > ဒုတိယ အကြီးအကဲ " တကယ်လို့ ငါသာ ၅၀၀တန်နှစ်ရွက် ပစ်ချလိုက်ရင်
>> > လူနှစ်ယောက်ပျော်ရမယ်"
>> > တတိယ အကြီးအကဲ "တကယ်လို့ ငါသာ ၁၀တန်ဆယ်ရွက် ပစ်ချလိုက်ရင် လူဆယ်ယောက် ပျော်ရမယ်"
>> > သူတို့အချင်းချင်း ပြောနေတဲ့ စကားကိုကြားတော့ လေယာဉ်မှုးက အခုလို ပြောလိုက်သတဲ့...
>> > "အကြီးအကဲတို့ သုံးဦးလုံးသာ ခုန်ချလိုက်ရင် နိုင်ငံမှာရှိတဲ့
>> > လူတွေအားလုံး ပျော်ကြမှာပဲ" ဟူတည်း။
>> >
>> > (၆)
>> > တစ်ခါက လူတစ်ယောက်ဟာ မိတ်ဆွေတစ်ဦးရဲ့ အဘွားနေမကောင်းတာကို သတင်းမေးဖို့
>> > ရောက်သွားခဲ့တယ်။ သတင်းမေးနေတုန်းမှာ သူက စားပွဲခုံပေါ် တင်ထားတဲ့
>> > မြေပဲဆံတွေကို ယူစားတော့တယ်။ သတင်းမေးပြီး အိမ်ပြန်ခါနီး အဘွားကို
>> > မြေပဲဆံတွေအတွက် ကျေးဇူးတင်ကြောင်းပြောတော့ အဘွားက "အေး.. အဘွားလဲ
>> > အသက်ကြီးတော့ မ၀ါးနိုင်တော့တာနဲ့ အဲဒီမြေပဲဆံ အပြင်က ကပ်ထားတဲ့
>> > ချောကလက်တွေလောက်ပဲ စုပ်စားနိုင်တော့တယ်ကွဲ့" ဟူတည်း။
>> >
>> > (၇)
>> > ကင်ဆာရောဂါနဲ့ သေတော့မယ် လူတစ်ယောက်ကို သားဖြစ်သူက
>> > "ကင်ဆာရောဂါ ဖြစ်နေတာကို ဘာဖြစ်လို့ သတင်းလာ မေးသူတိုင်းကို
>> > အေအိုင်ဒီအက်စ် ဖြစ်နေတယ်လို့ ပြောရတာလဲ ဖေဖေ" လို့ မေးတော့ အဖေဖြစ်သူ
>> > ဖြေလိုက်တာက
>> > "ဒါမှ ငါသေသွားရင် မင်းအမေကို တစ်ခြားလူ မကြံမှာပေါ့ကွ" ဟူတည်း။
>> >
>> > (၈)
>> > တစ်ခါက သဲကန္တာရမှာ ဆာလောင်ပြီး သေလုနီးနီး ဖြစ်နေတဲ့ လူမဲတစ်ယောက်ဟာ
>> > နတ်မီးခွက်တစ်လုံး ကောက်တွေ့သတဲ့။ မီးခွက်ကို ပွတ်လိုက်တော့ မီးခွက်
>> > စောင့်နတ်က ထွက်လာပြီး လိုရာဆု သုံးဆုကို တောင်းခိုင်းလိုက်တယ်။ သူက
>> > ခဏလောက် စဉ်းစားပြီး
>> > (၁) နေ့တိုင်း ရေသောက်ရပါစေ
>> > (၂) လူဖြူတစ်ယောက် ဖြစ်ရပါစေ
>> > (၃) နေ့တိုင်း ကောင်မလေးတွေရဲ့ တင်ပါးကို မြင်ရပါစေ
>> > လို့ ဆုတောင်းလိုက်တာနဲ့ ဘုန်းဆိုတဲ့ အသံနဲ့အတူ အဲဒီလူမဲဟာ......
>> > --------
>> > --------
>> > --------
>> > --------
>> >
>> > အိမ်သာအိုးတစ်လုံး ဖြစ်သွားသတဲ့။
>> >
>> >
>> > (၉)
>> > တရုတ်နဲ့ ဂျပန်
>> >
>> > ကမ္ဘာစစ်က ရန်ငြိုးတွေကြောင့် တရုတ်နဲ့ဂျပန် တစ်ယောက်ကို တစ်ယောက်
>> > အမြင်မကြည်ကြဘူးလို့ အလုပ်က ပြည်ကြီးတရုတ် သူငယ်ချင်း တစ်ယောက်က
>> > ပြောပြဖူးတယ်။ ဘယ်လောက်ထိတောင် အမြင်မကြည်လဲဆို တရုတ်နာမည်ကြီး
>> > ဘတ်စကက်ဘောသမား "Yao Ming"ဆိုရင် ဂျပန်က ကမ်းလှမ်းတဲ့ ကြော်ငြာတွေကို
>> > ဘယ်တော့မှ လက်မခံပါဘူးတဲ့။ ဒါဆိုရင် မနှစ်က ဂျပန်ကား ရိုက်သွားတဲ့
>> > နာမည်ကြီး တရုတ် မင်းသမီး"Zhang Ziyi " ရောလို့ ကျွန်မ မေးတော့
>> > အဲဒီမင်းသမီးကို ပြည်ကြီးက တရုတ်တွေ မကြိုက်တဲ့အကြောင်း သူပြောပြတယ်။
>> >
>> > နောက်ပြီး သူဆက်ပြောသေးတယ်။ တစ်ခါက တီဗွီ အစီစဉ်တစ်ခုမှာ ကမ္ဘာကျော်
>> > တရုတ်မင်းသား "ဂျက်လီ"နဲ့ ထိုင်ဝမ် အဆိုတော် တစ်ယောက်ကို
>> > ဂျပန်သတင်းထောက်က အင်တာဗျူးလုပ်သတဲ့။ အင်တာဗျူးမှာ သတင်းထောက်က
>> > အဆိုတော်ကို "ကမ္ဘာစစ်တုန်းက ဂျပန်တွေက တရုတ်လူမျိုး သန်းပေါင်းများစွာကို
>> > သတ်ခဲ့တယ်လို့ ပြောတယ်။ အသတ်ခံရတဲ့ အရေအတွက်ကို ခင်ဗျားတို့က
>> > လိုက်ရေထားလို့လား" လို့ မေးတော့ အဆိုတော်က ဘာပြန်ဖြေရမှန်း
>> > မသိဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ မင်းသား ဂျက်လီက ရုပ်ရှင်ထဲက သူ့ရဲ့
>> > ကန်ချက် ထိုးချက်အတိုင်း လျှင်မြန်တဲ့ အတိမ်းအရှောင်နဲ့ အခုလို
>> > ဖြေလိုက်ပါသတဲ့။ "ကမ္ဘာစစ်တုန်းက အမေရိကားစစ်သားတွေ ဂျပန်အမျိုးသမီးတွေကို
>> > မုဒိန်းကျင့်ခဲ့တယ်လို့ ပြောတယ်။ ခင်ဗျားတို့က အဲဒီမုဒိန်းကျင့်ခံရတဲ့
>> > အမျိုးသမီးတွေကို ဖရီးလာလားလို့ မေးခဲ့လား" လို့ ပြန်မေးလိုက်မှ
>> > သတင်းထောက်ကြီး ဆွံအသွားသတဲ့။ တီဗွီထဲကရော တီဗွီအပြင်မှာရော ကြည့်နေကြတဲ့
>> > ပြည်ကြီး တရုတ်တွေက လက်ခုပ်လက်ဝါး တဖြောင်းဖြောင်း တီးလို့ပေါ့။
>> >
>> >
>> > (၁၀)
>> > တစ်ခါက အမေရိကန်လူမျိုး၊ အင်္ဂလိပ်လူမျိုး၊ တရုတ်လူမျိုးနဲ့
>> > ဂျပန်လူမျိုးတို့ဟာ သူနိုင်ငံ ကိုယ်နိုင်ငံရဲ့ စစ်ရေးစစ်ရာကို
>> > ဆွေးနွေးကြတယ်။
>> > ဂျပန်လူမျိုးက "ကျွန်တော်တို့ လူမျိုးက မတွန့်မကြောက် သတ္တိခဲတွေ
>> > နိုင်ငံအတွက်ဆိုရင် အသက်ကိုတောင် စွန့်ဝံ့တယ်။ အခု ကျွန်တော်ခေါင်းပေါ်မှာ
>> > ပန်းသီးတစ်လုံးတင်ပြီး ခင်ဗျားတို့ရဲ့ အပစ်ကို ခံရဲတယ်" လို့ ပြောပြီး
>> > သူ့ခေါင်းပေါ် ပန်းသီးတစ်လုံးတင်ပြီး ကျန်လူတွေကို သေနတ်အပစ်
>> > ပြိုင်ခိုင်းလိုက်တယ်။
>> >
>> > ပထမဦးဆုံး အမေရိကန်လူမျိုးက နောက်ကို ခြေအလှမ်း၂၀ လှမ်းပြီး
>> > ကိုယ်ကိုလှည့်ပြီး ပစ်ထည့်လိုက်တယ်။ ဂျပန်ခေါင်းပေါ်မှာ တင်ထားတဲ့
>> > ပန်းသီးလေး အစိတ်စိတ် အမွှာမွှာ ကွဲသွားတယ်။ အမေရိကန်က သေနတ်ပြောင်းဝက
>> > မီးခိုးကို တစ်ချက်မှုတ်ပြီး ပြောလိုက်တယ်.. "I am Hunter" ငါက မုဆိုးတဲ့။
>> > ဒုတိယ အင်္ဂလိပ် လူမျိုးက နောက်ကို ခြေအလှမ်း ၅၀လှမ်းပြီး ကိုယ်ကို
>> > တစ်ပတ်လှည့်ပြီး ပစ်လိုက်ပြန်တယ်။ ပန်းသီးက ဖွာခနဲ့ပဲ။ အင်္ဂလိပ်က
>> > ကိုယ့်ကို အထင်ကြီးတဲ့ ပုံစံနဲ့ ပြောလိုက်တယ်.. "I am Bond" ငါက
>> > ဂျိမ်းစ်ဘွန်းတဲ့။
>> >
>> > နောက်ဆုံး တရုတ် အလှည့်ရောက်တော့ တရုတ်က နောက်ကို ခြေ ၃လှမ်း လှမ်းပြီး
>> > ပစ်ထည့်လိုက်တယ်။ ဖြာခနဲ့ပဲ ပန်းသီးတော့ မဟုတ်ဘူး။ ဂျပန်ရဲ့ ဦးခေါင်းပါ။
>> > တရုတ်က ဟန်ပါပါနဲ့ ခါးထောက်ပြီး ပြောလိုက်တယ်။ "I am sorry"
>> > ငါဝမ်းနည်းပါတယ်တဲ့။
>> >
>> > (၁၁)
>> > တခါက အမေရိကန်သမ္မတရယ် ၊ တရုတ်သမ္မတရယ် ၊ ကျွန်တော်တို့ရဲ့ ဘဘကြီးရယ်
>> > ထာဝရဘုရား သခင်ကို သွားတွေ့ကြသတဲ့။
>> >
>> > ထာဝရဘုရားသခင်က သင်တို့သိလိုရာကို မေးကြပါဆိုတော့ တယောက်ပြီးတယောက်
>> > မေးကြတော့တာပေါ့။
>> >
>> > ပထမဆုံး အမေရိကန်သမ္မတက မေးတယ်။
>> >
>> > `ဘယ်တော့များမှ အမေရိကန်နိုင်ငံဟာ ကမ္ဘာကြီးတစ်ခုလုံးကို နိုင်ငံရေး ၊
>> > စစ်ရေးအရ ပြိုင်ဘက်မရှိ လွှမ်းမိုး နိုင်မှာလဲ´တဲ့။ ထာဝရဘုရားသခင်က
>> > ခေတ္တခန့်စဉ်းစားပြီး ပြန်ဖြေလိုက်တယ်။
>> >
>> > `ဖြစ်တော့ဖြစ်မယ်။ ဒါပေမယ့် မင်းမမှီတော့ဘူး´တဲ့ ။ အမေရိကန်သမ္မတလည်း
>> > ထာဝရဘုရားသခင် အဖြေ ကိုကြားပြီးနောက် ငိုပါလေရော။
>> >
>> > တရုပ်သမ္မတကလဲ ထာဝရဘုရားသခင်ကို `ဘယ်တော့များမှ တရုပ်ပြည်ဟာ
>> > ကမ္ဘာ့စီးပွားရေးတစ်ခုလုံးကို လွှမ်းမိုးနိုင်မှာလဲ´တဲ့။
>> >
>> > ထာဝရဘုရားသခင်က ခုနလိုပဲ ခနစဉ်းစားပြီး ပြန်ဖြေလိုက်တယ်။
>> > `ဖြစ်တော့ဖြစ်မယ်။ ဒါပေမယ့် မင်းမမှီ တော့ဘူး´တဲ့ ။ တရုပ်သမ္မတလဲ
>> > ငိုပြန်ပါလေရော။
>> >
>> > နောက်ဆုံး ကျူပ်တို့ရဲ့ ဘဘကြီးက အားကျမခံ ထာဝရဘုရားသခင်ကို မေးလိုက်တယ်။
>> > သူ့မေးခွန်း လဲကြားပြီးရော ထာဝရဘုရားသခင်က ငိုပါလေရော။ သူမေးတာက
>> > `ဘယ်တော့များမှ ကျွန်တော်တို့နိုင်ငံမှာ မီးတွေ ရေတွေ မှန်မှာလဲ´တဲ့။
>> >
>> > မျက်ရည်လည်ရွှဲကြားက ထာဝရဘုရားသခင်က ပြန်ဖြေလိုက်တယ်။
>> >
>> > `ဖြစ်တော့ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် ငါမမှီတော့ဘူးတဲ့´ .... ။
>> >
>> > (၁၂)
>> > တမလွန်ဘ၀မှာ ဂျော့ဘုခ်ျရယ် ၊ ကျွန်တော်တို့ဘဘကြီးရယ် ၊ ဗလာဒီမင်ပူတင်ရယ်
>> > အတူတူတွေ့ပြီး လမ်းလျှောက်ထွက်ခဲ့ပါတယ်။ သူတို့တစ်နေရာ အရောက်
>> > လက်ဝါးကပ်တိုင်မှာ ကားစင်အတင်ခံထားရတဲ့ ယေရှုခရစ်တော်နဲ့ တွေ့ပါလေရော။
>> > အဲဒီမှာတော့ ဂျော့ဘုခ်ျက ယေရှုနားကို တိုးသွားပြီးတော့
>> >
>> > `အရှင် ၊ သားတော်အသက်ရှင်ခဲ့တဲ့ဘ၀မှာ သားတော်က ကံကောင်းခဲ့ပါသလား´ လို့မေးလိုက်တယ်။
>> > ယေရှုက `အေး သားတော်ကံကောင်းပါတယ်။ မင်းက အကြမ်းဖက်သမားတွေကို
>> > နှိမ်နင်းနိုင်ခဲ့လို့ပဲ´ဆိုပြီး ပြန်ဖြေလိုက်တယ်။
>> >
>> > ပူတင်လဲ ယေရှုနားတိုးကပ်သွားပြီး `ကျွန်တော်မျိုးကော အသက်ရှင်စဉ်က
>> > ဘယ်လိုကံကောင်းခဲ့ပါသလဲ´လို့ မေးလိုက်ပြန်တယ်။ ယေရှုက `မင်းလဲ
>> > ကံကောင်းခဲ့တာပဲ ။ ဘာလို့လဲဆိုတော့ မင်းက တိုင်းပြည်ကို စိတ်တိုင်းကျ
>> > ပုံဖော်နိုင်ခဲ့လို့ပဲ´ဆိုပြီး ဖြေလိုက်ပါတယ်။
>> >
>> > နောက်ဆုံး ဘဘကြီးကလဲ အားကျမခံဘဲ ယေရှုနားသွားပြီး `ကျွန်တော်ရော ဘယ်လို
>> > ကံကောင်း ခဲ့ပါလဲ´လို့မေးလိုက်တယ်။ အဲဒီလို မေးလိုက်တဲ့ခဏမှာ
>> > ယေရှုရဲ့လက်နှစ်ဖက်လုံး လှုပ်သွားတယ်။ ဒါပေမယ့် ကားစင်တင်ခံထားရတာဆိုတော့
>> > ယေရှုက လှုပ်လို့မရဖြစ်နေတယ်။ ပြီးတော့ ဘဘကြီးကို အံကျိတ်ပြီးပြောလိုက်တယ်။
>> >
>> > `အေး .. ငါ့လက်နှစ်ဖက်လုံး လှုပ်မရတာ မင်းကံကောင်းတယ်မှတ်´ တဲ့။

e-mail

အအို အအို အပျို.....

မိန်းကလေး သုံးယောက် ကျောင်းသွားတက်ရာ လမ်းခုလတ်က အိမ် တစ်အိမ်တွင်
ကြက်တူရွေးတစ်ကောင်မွေးထားသည်။ ထိုကြက်တူရွေးသည် ထိုမိန်းကလေး သုံးယောက်
အိမ်ရှေ.ဖြတ်သွားတိုင်း အရောင်၃ ရောင် ကို ရွက်သည်။


နေ.တိုင်းရွတ် နေတော့ မိန်းကလေး သုံးယောက်လဲ သတိထားမိလာသည်။ တနေ. တွင်
သေချာနားထောင်ကြည့်လိုက်ရာ ‘အ၀ါ၊ အနီ၊ အနက်’ လို. ရွတ်နေသည် ကို
ကြားမိလိုက်သည်။


မိန်းကလေး တစ်ယောက်က သွားစဉ်းစားမိသည်မှာ ဒီအရောင်ဟာ သူမရဲ. အတွင်းခံ
ဘောင်းဘီ အရောင် ပါလား လို. သဘောပေါက်လာပြီး ကျန်နှစ်ယောက် ကို
ပြောပြသည်။ဒါပေမယ့် လက်ခံ ဖို. အင်တင်တင်ဖြစ်နေကြသေးသည်။


ဒါနဲ.နောက်တနေ. သုံးယောက်လုံး အနက်ရောင် အတွင်းခံ ဘောင်းဘီ ကိုယ်စီ
ဝတ်ဆင်ခဲ့ရာမှာ ထိုကြက်တူရွေး က ‘အနက်၊ အနက်၊ အနက်’ လို.ရွတ် သဖြင့်
အင်မတန်အံ့အားသင့် ခဲ့ပြန်သည်။


ထိုအခါ မိန်းကလေးတစ်ယောက် က ‘ဟေ့ ငါ့တို. မနက်ဖြန် ဒီကြက်တူရွေး ကို
ပညာပြရအောင်’ ဟုဆို ကာ သုံးယောက်လုံး အတွင်းခံ ဘောင်းဘီ မ၀တ်ပဲ
ထွက်လာကြသည်။


ထိုနေ.တွင် ကြက်တူရွေး က ထိုသုံးယောက်ကို မြင်တော့ အနည်းငယ် ထွေသွားပြီး
ဦးခေါင်းကို ခါယမ်းခါ ၍ ခဏတာ စဉ်းစား အပြီး ဟောဒီလို
ရွတ်လိုက်ပါတော့သည်။ ‘အအို ၊ အအို ၊ အပျို'

e-mail

ဘ၀မှာ..အဆိုးရွားဆုံးအရာ

အမေ..သူ့သမီးအခန်းကိုဖြတ်သွားစဉ်..အိပ်ရာခင်းကို..သပ်သပ်ရပ်ရပ်ခေါက်ထားပြီး..
အားလုံးသန့်သန့်ရှင်းရှင်းဖြစ်နေတာမြင်တော့အံသြသွားသည်..
အိပ်ရာဘေးက..မှန်တင်ခုံပေါ်မှာ..စာအိတ်တခုထောင်ထားတာတွေ့သွားသည်။..
အမေသို့..လို့ရေးထားသည်..။
သူမ..တုန်လှုပ်စွာဖြင့်..စာအိတ်ကိုဖောက်ပြီး..စာကိုဖွင့်ဖတ်လိုက်သည်...။
အမေ
သမီး..ဒီစာကိုရေးနေတဲ့အချိန်မှာ..အရမ်းလည်းနောင်တရတယ်..၀မ်းလည်းနည်းတယ်။
သမီး..သမီးရည်းစားနဲ့..ခိုးရာလိုက်သွားပြီ..အမေ...သမီးတော့..တကယ့်ကိုသမီးချစ်တဲ့လူကိုတွေ့ပြီ.
..သူက..သူရဲ့နားကွင်း..ဆေးမင်ကြောင်..နဲ့
သူဝတ်တဲ့..အ၀တ်အစားနဲ့..တကယ်ကိုပဲကြည့်လို့ကောင်းတယ်..။
ဒါပေမဲ့..သမီး..သူ့နောက်လိုက်သွားတာ..ဒါတခုတည်းကြောင့်မဟုတ်ဘူး..အမေ.
.သမီးမှာ..ကိုယ်ဝန်ရှိနေပြီ..။..သူကပြောတယ်.သမီးတို့ပျော်ပျော်ရွင်ရွင်နေကြရမှာတဲ့..။
တောထဲမှာ..သူပိုင်တဲ့..တဲလေးရှိတယ်တဲ့..။
သူက..သမီးနဲ့အတူ..ကလေးတွေအများကြီးလိုချင်တယ်တဲ့....။.
သူကသမီးတို့..ဆေးခြောက်တွေ..ကိုကင်းတွေကိုစိုက်ပြီး..အသက်မွေးကြမယ်တဲ့လေ။
အဲဒီ့အချိန်အတွင်းမှာ..သမီးတို့..အေအိုင်ဒီအက်စ်ကို..ကုလို့ရမယ့်.
.ဆေးပေါ်လာပါစေလို့..ဆုတောင်းမယ်..ဒါမှ..သမီးရည်းစားမြန်မြန်သက်သာမှာ..။
သမီးတို့အတွက်..စိတ်မပူပါနဲ့အမေ..။..သမီးက..အခုဆို..၁၅နှစ်တောင်ရောက်နေပြီ.
.ကိုယ်ကိုယ့်ကို.ဘယ်လိုဂရုစိုက်ရမယ်ဆိုတာ..သမီးသိပါတယ်..။
တနေ့နေ့ကြရင်..အမေတို့ဆီ..သမီးတို့ပြန်လာပြီး..အမေ့မြေးလေးတွေကို..လာပြမှာပါ..

အမေ့ရဲ့..သမီး .. ဂျူလိုင်. .



PS:အမေ..အပေါ်မှာရေးထားတာတွေ..တခုမှ..မဟုတ်ဘူးသိလား..။
.သမီးအခု..သမီးသူငယ်ချင်းအိမ်မှာ..။...ဘ၀မှာ..သမီးမှန်တင်ခုံပေါ်က.အံဆွဲထဲက.
report cardထက်..ပိုပြီးဆိုးရွားတဲ့..အရာတွေရှိတယ်ဆိုတာ.
.သိစေချင်လို့ပါ..။
.သမီးအိမ်ပြန်လို့..စိတ်ချရပြီးဆိုရင်..သမီးဆီဖုန်းဆက်လိုက်နော်......။

e-mail

ရယ်စရာတချို့ 

သွားမှဖြစ်မယ်



ဆရာဝန်တစ်ယောက် လက်ထပ်လိုက်သည်။ နှစ်ရက်အကြာတွင် သူငယ်ချင်း ဆရာဝန်တွေက ဖုန်းလှမ်းဆက်သည်။

"ဟေ့ကောင် … ပိုကာဒေါင်းမယ်။ မြန်မြန်လာခဲ့။ ဒီမှာ တစ်အိမ်လိုနေလို့"

ဆရာဝန်က အရေးပေါ် ခွဲစိတ်မှုတစ်ခုအတွက် ဆေးရုံမှ ဖုန်းဆက်ကြောင်း ဇနီးသည်အားပြောသည်။ အလောတကြီး အ၀တ်အစားလဲနေသော ယောက်ျားကိုကြည့်ရင်း ဇနီးဖြစ်သူကမေးသည်။

"ဟိုမှာ တော်တော်လေး အရေးကြီးနေလို့လား မောင်"

ဆရာဝန်က ခပ်တည်တည်ပြန်ဖြေသည်။

"အရေးကြီးတာပေါ့။ ဟိုမှာ ဆရာဝန်(၄)ယောက်တောင် ရောက်နေကြပြီ"




ကြောက်သွားပြီ



သူငယ်ချင်းနှစ်ယောက် အရက်သောက်ရင်း စကားပြောနေကြသည်။ တစ်ယောက်ကပြောသည်။

"တော်ပြီကွာ။ ငါခုတလော လျှော့သောက်နေတယ်"

အံ့သြသွားသော အခြားသူငယ်ချင်းက အကြောင်းရင်းကိုမေးရာ ပထမတစ်ယောက်က ပြန်ဖြေသည်။

"တလောကကွာ။ ငါအပြင်မှာ သောက်တာ တော်တော်များသွားတယ်။ အဲဒါ အိမ်လဲပြန်ရောက်ရော တံခါးဖွင့်ပေးတဲ့ ငါ့မိန်းမက နှစ်ယောက်ဖြစ်နေတယ်လို့ ငါ့မျက်လုံးထဲမှာ မြင်လိုက်ရတယ်။ နောက်တစ်ခါ အဲဒီလောက် ကြောက်စရာကောင်းတဲ့ ခံစားချက်မျိုး ထပ်မဖြစ်ချင်တော့ဘူးကွာ"




နားမလည်ဘူး


မိသားစု(၃)ယောက် ညစာတူတူ စားနေကြသည်။ သားငယ်က အဖေအား လှမ်းမေးသည်။

"ဖေဖေ မေမေ့ကို ဘာလို့ လက်ထပ်ခဲ့တာလဲ ဟင်"

ယောက်ျားလုပ်သူက မိန်းမအား လှည့်ပြောသည်

"တွေ့လား … ငါ့လုပ်ရပ်ကို ကလေးတောင် နားမလည်ဘူး"





စောစောပြန်မယ်



မိဘချင်း သဘောတူထားပြီး မကြာမီ လက်ထပ်တော့မည့် စုံတွဲတစ်တွဲ အပြင်ထွက်လည်ကြသည်။ နေ့လည်ပိုင်းတွင် စားသောက်ဆိုင်တစ်ဆိုင်၌ ၀င်ထိုင်ကြရင်း အမျိုးသားကမေးသည်။

"ခင်ဗျား အရင်က ထားခဲ့ဖူးတဲ့ ရည်းစာတွေအကြောင်း ပြောပြပါလား"

အမျိုးသမီးက ပြန်ဖြေသည်။

"ဒီနေ့တော့ မပြောပြနိုင်ဘူး။ မေမေတို့ကို ဒီနေ့ မိုးမချုပ်ခင် ပြန်လာမယ်လို့ ကတိပေးထားတယ်ရှင့်"



မှတ်ကရော


အလုပ်များနေသော ခင်ပွန်းသည်အား အလိုက်မသိသော ဇနီးက စကားတွေ တတွတ်တွတ်ပြောနေသည်။ ခင်ပွန်းဖြစ်သူက သူမစကားတွင် စိတ်မပါမှန်းလည်း မရိပ်မိချေ။

"မောင် … ခင့်ကို ဘာလို့လက်ထပ်ခဲ့တာလဲဟင်။ ခင့်ရဲ့ မျက်နှာလေး လှလွန်းလို့လား။ ဒါမှမဟုတ် ခင့်ကိုယ်လုံးကိုယ်ပေါက်လေးကို သဘောကျလို့လား။ အင်း … မဟုတ်ဘူးဆိုရင် ခင်ရဲ့ စိတ်ထားလေး ဖြူတာကို မြတ်နိုးလို့လား။ အဲ … ဒါမှမဟုတ် …"

စိတ်မရှည်တော့သော ခင်ပွန်းက သူမဘက်လှည့်ပြီး တစ်ခွန်းတည်း ပြန်ဖြေသည်။

"မင်း ခုလို ဟာသပြောတတ်တာကို ကြိုက်လွန်းလို့ဟေ့"



နေလိုလူ



အိမ်ထောင်သက် (၁)လလောက်ရှိပြီဖြစ်သော သူမတို့ သူငယ်ချင်းကို မိန်းကလေးများ ၀ိုင်းမေးကြသည်။

"ဟဲ့ နင့်ယောက်ျားအကြောင်း ပြောပြစမ်းပါ"

မိန်းကလေးကဖြေသည်။

"ငါ့ယောက်ျားက နေလို ယောက်ျားဟ"


သူငယ်ချင်းများက ၀ိုင်းပြောသည်။

"တယ်လဲ ကောင်းတဲ့ ဥပမာပါလား။ နင့်ယောက်ျားက နေမင်းကြီးလို ကြီးကျယ် မြင့်မြတ်တယ်လို့ ပြောချင်တာပေါ့"


မိန်းကလေးက ရှင်းပြသည်။

"ဟုတ်ပါဘူးဟာ။ နေဆိုတာ မနက်ဖက်ပဲရှိပြီး ညဘက်ဆိုရင် ပျောက်သွားတယ်မဟုတ်လား"



ဧည့်သည်


လင်မယားနှစ်ယောက် စကားများ ရန်ဖြစ်ပြီးကာစတွင် အိမ်ရှေ့မှ လူခေါ်ခေါင်းလောင်းသံ မြည်လာသည်။ ယောက်ျားလုပ်သူက တံခါးသွားဖွင့်ပေးသည်။

အပြင်တွင် ဓားမြှောင်ကိုင်ထားသော မျက်နှာဖုံးစွပ် လူတစ်ဦး ရပ်နေသည်။ ပြီးတော့ အသံအက်အက်ကြီးဖြင့် ယောက်ျားလုပ်သူအား ပြောသည်။

"ကျုပ်က လူသတ်သမားပဲ။ မိန်းမတွေကို လည်လှီးပြီး သတ်ပစ်ချင်တယ်"

ယောက်ျားဖြစ်သူက ထိုလူအား ဘာမှပြန်မပြောတော့ဘဲ အိမ်ထဲသို့ လှမ်းအော်သည်။

"မိန်းမရေ၊ ဟောဒီမှာ မင်းနဲ့တွေ့ချင်လို့တဲ့။ ဧည့်သည် လာတယ်ဟေ့။"




ဖိုးကံကောင်း


လက်ထပ်ပြီးစ ပုဂ္ဂိုလ်တစ်ဦး ထီပေါက်သည်။ သူငယ်ချင်းဖြစ်သူက ၄င်း ကံကောင်းကြောင်း ချီးကျူးသည်။ ထို့နောက် သူငယ်ချင်းက မေးသည်။

"ဒါနဲ့ ထီပေါက်တာသိတော့ မင်းမိန်းမ ဘာပြောသေးလဲ"

ထီပေါက်သူက ဖြေသည်။

"ဟင့်အင်း … ၀မ်းသာလွန်းလို့ ဆွံ့သွားလိုက်တာ ခုထိ စကားမပြောနိုင်သေးဘူး"

သူငယ်ချင်းက ပြောသည်။

"ကြည့်စမ်း၊ ကြည့်စမ်း … ကံကောင်းတဲ့သူတွေများ ဆက်တိုက်ကို ကံကောင်းကြတာပါလား"




ကံကောင်းတဲ့ မောင်


လူတစ်ဦး ကားတိုက်ခံရပြီး ဆေးရုံသို့ ရောက်လာသည်။ သတင်းကြားသဖြင့် ဆေးရုံသို့ လိုက်လာသော ၄င်း၏ဇနီးက ၀မ်းသာအားရပြောသည်။

"မောင်ရယ်၊ ကံကောင်းလိုက်တာနော်။ မနေ့ကပဲ မောင် မတော်တဆမှုအတွက် အာမခံ လုပ်ထားလိုက်တယ်။ ဟော … ဒီနေ့ပဲ ကားတိုက်ခံရပြီ"



ပျော်ရှာမယ်


လက်ထပ်ပြီး သုံးလခန့်အကြာတွင်ဖြစ်သည်။ အလုပ်မှပြန်လာသော ယောက်ျားအား မိန်းမလုပ်သူက အိမ်ပေါက်ဝတွင် ထွက်ကြိုပြီး ပြောသည်။

"မောင် လောလောဆယ် နှစ်ယောက်ပဲ နေတဲ့ကျွန်မတို့ အိမ်လေးမှာ မကြာခင် သုံးယောက် ဖြစ်လာတော့မယ်"

ယောက်ျားဖြစ်သူ၏ မျက်နှာမှာ နူးညံ့ဝင်းထိန်သွားသည်။ ဇနီးသည်အား တယုတယ ပွေ့ဖက်လိုက်ရင်း ကောင်းတာပေါ့ကွာလို့ တိုးတိုးလေး ပြောသည်။ ဇနီးသည်က ၀မ်းသာအားရ ပြောသည်။

"မောင်ခုလို သဘောထားမျိုးရှိမှန်း သိလို့ရှိရင် နောက်အပါတ်ထဲဆို ကျွန်မတို့အိမ်မှာ လာနေမယ့် မေမေတော့ အရမ်းပျော်ရှာမှာပဲ "


အလေလိုက်တဲ့လူ


သင်္ဘောတစ်စင်း မုန်တိုင်းမိပြီး နစ်မြုပ်သွားသည်။ လူတစ်ဦးမှာ ပျဉ်ချပ်တစ်ချပ်တွင် တွယ်ပြီး ပင်လယ်ထဲတွင် တစ်ရက်ကျော်ကြာအောင် မျောနေလေတော့သည်။ သို့သော်လည်း ကံကောင်းထောက်မပြီး ရေစီးကြောင်းက သူ့အား ကျွန်းတစ်ကျွန်းသို့ သယ်ဆောင်သွားသည်။ ထိုလူ ကမ်းပေါ်သို့ ဒယိမ်းဒယိုင် တက်လာချိန်တွင် သင်္ဘောနစ်စဉ်က ၄င်းနှင့် လူချင်းကွဲသွားသည့် ဇနီးဖြစ်သူကို တွေ့လိုက်ရသည်။ ခါးထောက်ပြီး ရပ်စောင့်နေသော ဇနီးဖြစ်သူက ၄င်းဘာမှမပြောနိုင်ခင် လှမ်းအော်သည်။

"(၂၄)နာရီလုံးလုံး ပျောက်နေရအောင် …. တော် ဘယ်နားသွားပြီး အလေလိုက်နေသလဲ ပြောစမ်း"



မေးသင့်တယ်


မင်္ဂလာပွဲသို့ မိခင်နှင့်အတူ ရောက်ရှိလာသော ကလေးငယ်က ၄င်း၏မိခင်အား မေးသည်။

"မေမေ … သတို့သမီးက ဘာလို့အဖြူရောင် ၀တ်တာလဲဟင်"

မိခင်ဖြစ်သူက စိတ်ရှည်ရှည်နှင့် ရှင်းပြသည်။

"သြော် … သားရယ်၊ သတို့သမီး အဖြူရောင်ဝတ်တာ ၀မ်းသာပျော်ရွှင်တဲ့ အထိမ်းအမှတ်အနေနဲ့ ၀တ်ထားတာလေ။ ဒီနေ့က သတို့သမီးရဲ့ဘ၀မှာ အပျော်ဆုံးနေ့ဖြစ်တဲ့အကြောင်း အဖြူရောင်က ကိုယ်စားပြုတာကွဲ့"

ချာတိတ်လေး ခဏငြိမ်သွားသည်။ ပြီးတော့ သူ့အမေကို တိုးတိုးလေးမေးသည်။

"မေမေ … သတို့သားကရော ဘာလို့ အနက်ရောင်ဝတ်ထားတာလဲ ဟင်"


ဟာသဇာတ်လမ်း

မင်္ဂလာပွဲရဲ့ ပရိသတ်အားလုံးဟာ ဖခင်ဖြစ်သူက သတို့သားရှိရာဆီကို
မင်းလမ်းတလျှောက် တွဲခေါ်လာတဲ့ လှလှပပသတို့သမီးလေးကို ငေးကြည့်နေကြ ပါတယ်။
သူတို့နှစ်ယောက် သတို့သားရှိရာ စင်မြင့်ပေါ်ရောက်တဲ့အခါ သတို့သမီးက
သူ့ဖခင်ကို ညင်ညင်သာသာနမ်းလိုက်ပြီး လက်ထဲကို တစ်စုံတစ်ခု
ထည့်ပေးလိုက်ပါတယ်။ ကြည့်နေတဲ့ ဧည့်ပရိသတ်တွေဟာ သတို့သမီးလေး
သူ့ဖခင်ရဲ့လက်ထဲကို ဘာထည့်ပေးလိုက်သလဲဆိုတာ သိပ်သိချင်သွားကြပါတယ်။
ဘာလဲဆိုတာကို ပြောပြစေချင်တဲ့ အကြည့်တွေနဲ့ ၀ိုင်းကြည့်နေတဲ့
မျက်လုံးတွေကြောင့် ဖခင်ဖြစ်သူဟာလည်း လူတွေသိပ်သိချင်နေမှန်း
ရိပ်မိသွားပြီး ကြေညာလိုက်ပါတော့တယ်။
“ဧည့်ပရိသတ်များ ခင်ဗျာ... ဒီနေ့ဟာ ကျွန်တော့်ဘ၀ရဲ့
ကံအကောင်းဆုံးနေ့ပါ... ” ပြောရင်း သူ့သမီးပေးတဲ့
ပစ္စည်းလေးဆုပ်ကိုင်ထားတဲ့ လက်ကိုမြှောက်ပြလိုက်ပြီး “နောက်ဆုံးတော့
ကျွန်တော့သမီးလေး ကျွန်တော့ Credit Card ကို ပြန်ပေးပါပြီဗျာ...”
လက်ထပ်ပေးမယ့် ဘုန်းတော်ကြီး အပါအ၀င် ဧည့်ပရိသတ်အားလုံး ရယ်ကြပါတော့တယ်။
သတို့သားက လွဲရင်ပေါ့လေ...


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~



လူနားး အသက်ရှည်ရှည် နေနိုင်ဖို့ နည်းလမ်းလေးများ ရှိလားဆရာ?
ဆရာဝန်းး အိမ်ထောင်ပြုလိုက်ပါ...
လူနားး အဲဒါက တကယ်အသက်ရှည်စေတယ်လား ဆရာ?
ဆရာဝန်းး အသက်တော့ မရှည်ပါဘူး။ အသက်ရှည်ရှည် နေချင်စိတ်တော့
ထပ်ဖြစ်လာတော့မှာ မဟုတ်ဘူး။

အမေး ~ မင်္ဂလာပွဲမှာ စုံတွဲတွေ ဘာလို့ တစ်ယောက်လက်ကို တစ်ယောက် ကိုင်လေ့ရှိကြသလဲ။
အဖြေ ~ ဒါက ထုံးတမ်းအစဉ်အလာ တစ်ခုပါပဲ။ လက်ဝှေ့သမားတွေ မသတ်ပုတ်ခင်မှာ
လက်ဆွဲနှုတ်ဆက်ကြသလိုမျိုးပေါ့။

ဇနီးးး မောင် ဒီနေ့က ခင်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နော်။ ဘာလုပ်ကြရင် ကောင်းမလဲဟင်?
ခင်ပွန်းးး (၂)မိနစ်လောက် (၀မ်းနည်းခြင်း အထိန်းအမှတ်နဲ့) ငြိမ်သက်နေကြတာပေါ့ကွာ။

လူတွေ “ချစ်လို့လက်ထပ်တာ” နဲ့ “မိဘတွေစီစဉ်မှုကြောင့် လက်ထပ်တာ”
ကွာခြားပုံအကြောင်း ဆွေးနွေးနေရင် ရယ်စရာ ကောင်းပါတယ်။ ဘာလို့လည်းဆိုတော့
အဲဒါက လူတစ်ယောက်ကို “ကိုယ့်ကိုကိုယ် သတ်သေတာ” နဲ့ “အသတ်ခံရတာ”
ဘယ်ဟာပိုကောင်းလဲလို့ မေးတာနဲ့ အလားသဏ္ဍာန် တူလို့ပါ။


e-mail

သိပေမဲ့ သိပ်သတိမပြုမိတာလေးတွေ ပြောမယ်နော် !!!

၁။နှလုံးကြွက်သားဟာ သွေးကို လေထဲကို ၁၅ မီတာအထိညှစ်ထုတ်နိုင်တယ်တဲ့.....

၂။လူ့ ခန္ဓာကိုယ်မှာအသန်မာဆုံးကြွက်သားက လျှာပါတဲ့ဗျား.....

၃။မခုန်နိုင်တဲ့ တိရိစ္ဆာန် က ဆင်ပါတဲ့ဗျား..

၎။လိပ်ပြာတွေက ၀တ်ရည် ကိုခြေထောက်နဲ့စုပ်တာတဲ့နော်

၅။ခြင်မှာလည်းသွားရှိတယ်ဗျ

၆။ပိုလာဝက်ဝံတွေက ဘယ်သန်တွေနော်..ဟင်းဟင်း

၇။မိချောင်းတွေက လျှာထုတ်လို့မရဘူးဗျ

၈။ပိုးဟပ်ကလည်းအသက်ပြင်းတယ်...ခေါင်းပြတ်သွားတာတောင် နောက်ထပ်(၉)
ရက်အသက်ရှင်နိုင်တယ်တဲ့..ခေါင်းပြတ်သွားလို့အစာမစားနိုင်လို့သေရတာတဲ့

၉။လူနဲ့ လင်းပိုင်ပဲ လိင်ကိစ္စကို pleasure အနေနဲ့ ခံစားကြတယ်တဲ့..ဟီးဟီး

၁၀။ ၁၁၁၁၁၁၁၁၁*၁၁၁၁၁၁၁၁၁=၁၂၃၄၅၆၇၈၉၉၈၇၆၅၄၃၂၁

၁၁။မျက်စိမမှိတ်ပဲ နှာချေလို့မရဘူးနော့် (မရယ်နဲ့တကယ်ပြောနေတာ)

၁၂။Star fish တွေမှာဦးနှောက်မပါဘူးဗျ

၁၃။ဘဲတွေရဲ့အသံက echo မပါဘူးနော်..ဘာကြောင့်လဲ

၁၄။Cemetery ဆိုတာ ဂရိဘာသာစကား Koimetirion ကလာတာပါတဲ့ ..ဘာလဲဆိုတော့ 
အိပ်ခန်းတဲ့..

၁၅။ဖဲချပ်မှာပါတဲ့ King တွေဟာ သမိုင်းမှာ တကယ်ရှိခဲ့တဲ့ ဘုရင်တွေကို
ကိုယ်စားပြုပါတယ်တဲ့

Spades:King David
Clubs:Alexander The Great
Hearts:Charlemagne
Diamonds:Julius Cesar

၁၆။ပန်းခြံတွေမှာတွေ့ ရတဲ့ မြင်းစီးစစ်သည်ရုပ်တုတွေရဲ့ မြင်းရဲ့ခြေထောက်
(၁) ဖက်ဟာလေထဲမှာရှိနေရင် အဲဒီစစ်သည်ဟာ စစ်ပွဲမှာ ရတဲ့ဒဏ်ရာကြောင့်
သေတာတဲ့၊ (၂)ဖက် လေထဲမှာ ရှိနေရင်စစ်ပွဲမှာကျတာပါတဲ့၊ (၄) ဖက်လုံး
မြေပေါ်မှာ ရှိနေရင်တော့ ရိုးရိုးသေတာပါတဲ့
(ကဲ...ပန်းခြံတွေရောက်ရင်သေချာကြည့်ဖို့မနေ့ ကြနဲ့နော်)
(ရုပ်တုကိုကြည့်ဖို့ပြောတာနော်)

၁၇။ဟိုးရှေးရှေးတုန်းက အင်္ဂလန်မှာ ဘုရင့် ရဲ့အမိန့် မရပဲ
ပြည်သူပြည်သားတွေဟာ လိင်ဆက်ဆံလို့မရကြပါဘူးတဲ့... သူတို့ဟာ
ကလေးလိုချင်ရင် ဘုရင့်ခွင့်ပြုချက်ရမှ...အဲဒီခွင့်ပြုချက်ကို
အိမ်တံခါးဝမှာချိတ်ပြီး လိင်ဆက်ဆံမှုပြုရပါတယ်တဲ့...
ဟီးဟီး..တစ်မျိုးပဲနော်
အဲဒီ Plague ကတော့ဒီလိုလေးပါ... "Fornication Under Consent of the King" (fuck)
(ရိုင်းတယ်လို့မထင်စေချင်ပါ... သိစေချင်လို့တင်ပြပေးတာပါခင်ဗျာ...)

၁၈။အင်္ဂလိပ်တွေ သြစတေးလျကို စပြီးခြေချကြတော့ သားပိုက်ကောင်ကို
ဘယ်လိုခေါ်သလဲလို့ စမေးကြပါတယ်တဲ့.... ဒေသခံ သြစတေးလျန်းတွေက "Kan Ghu Ru"
လို့ဖြေကြပါတယ်
ဒါနဲ့ပဲ..ကိုရွှေဥာဏ်ကြီးရှင်တွေက သားပိုက်ကောင်ကို "Kangaroo" လို့
ခေါ်ဝေါ်သမုတ်ခဲ့ပါတယ် သြစတေးလျန်းတွေပြောတဲ့ "Kan Ghu Ru" ဆိုတာက "We
don"t understand you " ပါတဲ့ဗျား..

၁၉။ကိုယ့်တံတောင်ဆစ်ကို ကိုယ့်လျှာနဲ့ကိုယ် လျက်ကြည့်ကြစမ်းပါ..ရလားမသိဘူး

၂၀။ဟိုးအရင်က စစ်ပွဲတွေမှာ တပ်ဖွဲ့ တွေ မပျက်မစီး မဆုံးရှုံးပဲ
ကိုယ့်ရပ်ရွာကိုပြန်လာနိုင်ရင် " 0 killed"
လို့ရေးပြီးပြန်လာကြပါတယ်တဲ့....အဲဒီကနေ ယခုကျွန်တော်တို့တွေ ပြောနေတဲ့
"OK "ဆိုတာ ဖြစ်လာတာပါ..

ကဲ..ဒီလောက်ပါပဲ.. နောက်များမှ..အားတဲ့အချိန် တင်ဆက်ပေးပါအုံးမယ်..
သြော်..ပြောစရာကျန်ခဲ့သေးတယ် ဒီစာကိုဖတ်တဲ့ သူ ၈၀% က ကိုယ့်တံတောင်ဆစ်ကို
ကိုယ့်လျှာနဲ့ကိုယ် လျက်ကြတယ်ဗျား.... ဟုတ်ရဲ့လား...

e-mail

Thursday, August 27, 2009

ကျားအဆိုတော်များနဲ့ မအဆိုတော်များရဲ့  အားပြိုင်မှုတစ်ခုလို့ဆိုနိုင်မလား

အနိုင် အချစ်ရေ အချစ်ရေ နောက်မခေါ်တော့ဘူး.......
ပိုးအိစံ မောင်ခေါ်ရာ လိုက်ခဲ့တော့မယ် ရွှေမြို့ မောင်ကြီးရေ .......

စိုးစနာထွန်း မောင့်အချစ်မြားစူး ရူးရပြီပေါ့လေ....
လေးဖြူ ရူးချင်ယောင်ဆောင်မနေနဲ့ ဟေ့ ရူးချင်ယောင်ဆောင်မနေနဲ့....

Lဆိုင်းဇီ လာချင်ရင် အနီးလေး....ကြိုမယ်ရှင့်....
. မျိုးကြီး ..မလာပါနဲ့

နန်းစုရတီစိုး ကျမနောက်ကို မလိုက်ခဲ့ပါနဲ့ မေမေဆူလိမ့်မယ်...
မိုးမင်း မင်းသဘော မင်းသဘော မင်းသဘောပဲ.....

Rဇာနည် ရေမြေခြားသွားရတော့ မင်းလေးကိုထားခဲ့ ရပြီပေါ့............
NO နောက်တစ်ယောက်နဲ့ ချစ်မှာပဲ.......

အငဲ ဟောင်းသွားပြီလား ....ဟောင်းသွားပြီလား.....
စိုးစနာထွန်းမနှောင်းသေးပါဘူး.
..မဟောင်းသေး
ပါဘူး အချစ်ရေ.....

Lဆိုင်းဇီ ဖုန်းဆက်လည်း မပြောချင်ဘူးလား.....
ဝိုင်ဝိုင်း တော်ပြီကွာ ဒီဖုန်းစုပ်ကြီးကို လွှင့်ပစ်လိုက်စမ်းပါ.....

ထွန်းအိနြာဗို ငါလေ မြင်နိုင်ရင် နင့်ကိုပြချင်တယ်.....
. ဗဒင် မြင်တယ် အိပ်မက်ထဲလည်းမြင်တယ်၊ စိတ်ကူးထဲလည်း မြင်တယ်...

ဗဒင် လမ်းကြားမှာ အလစ်သုတ်ပြီး ခိုးနမ်းတုန်းကပေါ့.....
တင့်တင့်ထွန်း နမ်းပါ နမ်းပါ နမ်းပါ..... ....

ဖြိုးကြီး ဝေးဝေးသွားလို့ မရအောင် အချစ်ရယ် ဖက်ထားချင်တယ်......
တင့်တင့်ထွန်း ကြိုက်တယ်....မင်းလုပ်သမျှ ကြိုက်တယ်.....

ထူးအိမ်သင် မေ့လိုက်တော့ အချစ်လေးရေ..........
.. ဖြူဖြူကျော်သိန်း ငါတော့မေ့လို့မရနိုင်ဘူး အချစ်ဆုံးရေ..........

လွှမ်းမိုး စိတ်ညစ်လို့ အရက်ကိုသောက်တယ်........
မေဆွိ စိတ်ညစ်ရင် ဂစ်တာတီးပါလား ကိုကိုရယ်.........

စည်သူလွင် အချစ်ရေ ......ကိုယ့်ကြောင့်........
ခင်ဖုန်း မင်းကြောင့် မင်းကြောင့် ပါနော်.......
ခင်ဖုန်းရေ သူ့ကြောင့်ပါတဲ့ ၀န်ခံနေတာ ခွင့်လွှတ်လိုက်ပါ

သီရိဆွေ နင်နဲ့ငါနဲ့ ...ငါနဲ့နင်နဲ့....အိုး...အိုး......
ရွှေပြည်တန်သိန်းဇော် အိစက်ညက်ညောတဲ့ ဖဲမွေ့ယာပေါ်ဝယ်.........

စနရားလှထွတ် အိပ်မပျော်သော ညတစ်ည သံသရာဝယ်....
မေဆွိ ကြင်နာစွာ အိပ်ဆေးလေးများ ပေးပါ.........
ဘာလို့ အိပ်မပျော်ကြတာလဲ ဘောပွဲတွေ ကြည့်ကြတယ် ထင်ပါရဲ့

သုမောင် စစ်ကိုင်းတောင်ကို အရောက်သွားလို့ ...တရားရှာမလေ .......
မေဆွိ ကိုကိုရေ ..ကွယ်ရာမှာ အခြေမများနဲ့နော်......ကိုကိုနော် နော်
နော့်.....
(အော် ........တရားလည်း ဖြောင့်ဖြောင့် မရှာရပါလား)

ဖိုးသောကြာ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကကွယ် ပြောချင်တာတွေလည်း ပြောကြပါစေကွယ်...
သျှားအိဘိုဘိုဟန် အဖေအမေတွေက ပြောတာလား...အကိုမောင်တွေက
ပြောတာလား.........

ဇော်ဝင်းထွဋ် ခေါင်းတွေကိုက်လို့ ကိုယ်တွေပူတယ် ဆေးခန်းသွားလည်း
မသက်သာဘူးဟေ့.......
မေခလာ ဇွတ်ချစ်မယ်ဟေ့...... ဇွတ်ချစ်တတ်တာ ငါပဲ........

(မမမေခလာရယ် ဟိုက နေမကောင်းပါဘူးဆိုနေမှ ဇွတ်)

ပန်းအိဖြူ စာဥတို့ သူငယ်ချင်းမတွေ ရေခပ်ဆင်းလို့လာ......
စိုင်းစိုင်း ရေအိုးလေးလှုပ်ပါဟေ့ ...အိုးလေး လှုပ်ပါဟေ့....

ကဗျာဘွဲ့မှူး ကိုကိုယောင်္ကျားမဟုတ်ဘူး......................................
တွံတေးသိန်းတန် မိန်းမတွေ မာယာလောက်တော့ ပျင်းသေးတယ် ပျင်းသေးတယ်.......

Sunday, August 23, 2009

သြော်...ယောင်္ကျား.....ယောင်္ကျား.....

ဖော်ဖော်ရွေရွေ များ ဆက်ဆံမိရင် ပြောပါလိမ့်မယ် ....
' သူ့ကိုကြိတ်ကြိုက်နေတယ် ' ... လို့

အဲလိုမှ မလုပ်ပြန်ရင်လဲ ...
' အဲဒီ မိန်းမက ဘာမှ မဟုတ်ပါဘူးကွာ ' ... တဲ့

သပ်သပ်ရပ်ရပ်များဝတ်စားမိရင် ပြောပါလိမ့်မယ် ...
' သူ့ရုပ်နဲ့ပဲများနေတာ ' ... လို့

အဲလိုမှ မ၀တ်ပြန်ရင်လဲ ' တိုက်ဂေါ 'တဲ့

သူကိုများ ပြန်ငြင်းခုံမိရင် ပြောပါလိမ့်မယ် ...' စွာတေးမ '...လို့

ငြိမ်နေပြန်တော့လဲ ... ' ငတုံးမလေးပါကွာ...ငါလိမ့်ချင်သလို လိမ့်လို့ရပါတယ် ' ...တဲ့

သူထက်များ ပိုတော်နေရင် ပြောပါလိမ့်မယ် ... ' ငဖျံမ '...လို့

သူကများ ပိုတော်နေရင်တော့လဲ ...' အရည်အချင်းကြောင့် '...တဲ့

သူ့ကိုများ မကြိုက်ဘူးဆိုရင် ... လက်ဖက်ရည်ဆိုင်မှာ ရေနွေးအိုးတအိုးနဲ့
တစ်နေ့လုံးထိုင်ပြီး...'ဒီစော်က ဘာကြီးဘာကွာ....ညာကြီးပါကွာ.....ဘယ်တုန်းကငါနဲ့ဘယ်လို....ဘာဖြစ်ခဲ့တယ်...ညာဖြစ်ခဲ့တယ်...အခုမှ
အထာတွေပိုနေတာပါကွာ'......စတဲ့စတဲ့....အတင်းတွေပြောလာပါလိမ့်မယ်
သူ့ကို ကြိုက်မိပြန်တော့လဲ ... သင့်ကို အနိုင်ကျင့်နည်းပေါင်းစုံနဲ့ တရားဝင်
အနိုင်ကျင့်လာပါလိမ့်မယ်....

ချစ်နေတဲ့ အမူအရာများ ပြမိရင်ပြောပါလိမ့်မယ် ... ' ငါက ပိုင်ပါတယ်ကွာဆိုပြီး
နောက်ကွယ်မှာ လျှောက်ဖေါဦးမယ်....

အဲလို အမူအရာမပြပြန်တော့လဲ ... ' မင်းကတကယ်မချစ်လို့ နောက်တစ်ယောက်ရှာတာ '...တဲ့

အခက်အခဲရှိလို့ တိုင်ပင်မိရင် ပြောပါလိမ့်မယ် ... ' ပစိပစပ် '...လို့

မတိုင်ပင်ဘဲ နေပြန်တော့လဲ ... ' သူ့ကို မယုံကြည်လို့ '...တဲ့

သူ့ကိုများ အော်ငေါက်မိရင် ပြောပါလိမ့်မယ် ...' ယောက်ျားကို လွှမ်းမိုးမယ့်မိန်းမ ' ...လို့

သူကများ အော်ငေါက်ရင်တော့ ' ဆုံးမတာ '...တဲ့

ပေးထားတဲ့ ကတိ ဖျက်မိရင် ပြောပါလိမ့်မယ် ... ' ကတိမတည်တဲ့မိန်းမ '...လို့

သူဘက်ကဖျက်ရင်တော့ ...' မလွဲမရှောင်သာလို့ပါ ' ...တဲ့

မိန်းကလေး......... shopping သွားမိရင် ပြောပါလိမ့်မယ် ...' ပိုက်ဆံဖြုန်းတဲ့မိန်းမ..လို့

သူ ပိုကာ ဆွဲတာကျတော့ ...' အပျင်းပြေပါ '...တဲ့

သင် စာမေးပွဲအောင်ရင် ပြောပါလိမ့်မယ် ...' သူအားပေးတတ်လို့ပါ '...လို့

သူအောင်ရင်တော့ ... ' အရည်အသွေးကြောင့် ' ...တဲ့

သူများကိုများ မတော်တဆ နာကျင်စေမိရင် ပြောပါလိမ့်မယ် ... ' အကြင်နာတရားမဲ့တဲ့လူ ' ...လို့

သူ့ကြောင့်များ သင်ခိုက်မိရင်တော့ ... ' အထိမခံ ရွှေပုဂံ ' ...တဲ့

သူနဲ့ အတူတူ အပြင်သွားလို့ သူပိုက်ဆံ ရှင်းရမယ်ဆိုရင် ......'၀လာမှာ စိုးလို့နည်းနည်းပဲစား' တဲ့......

ကိုယ့်ဘာသာ ရှင်းမယ်ဆိုရင် 'အစားဆိုတာ ကောင်းကောင်းစားရတယ်' တဲ့

ယောက်ျားတွေ အကြိုက် ဆယ်ခါလိုက်လဲ မလိုက်တစ်ခါ ရှိခဲ့ပါမူ...
သွားပုတ်လေလွင့်..လျှောက်ပြောတတ်၏ ( blog တွေလည်း လျှောက်ရေးတတ်၏ ..)တဲ့......

ရည်းစားသက်တမ်းကြာလာလို့ သူတို့အသစ်ကလေးရှာချင်ပြီဆိုရင်.......
'မင်းကို ချစ်တာမဟုတ်ခဲ့ပါဘူး ...ခဏ သာယာမိတာပါ' တဲ့........
(ဗလောင်းဗလဲ ကိုကောင်းကောင်းပြောတတ်သေးပါတယ်..............)


ဒီစာကို ယောက်ျားတွေဆီ ပို့ပေးမိရင် ပြောပါလိမ့်မယ် ... ' မဟုတ်မဟတ်တွေ' ...လို့..
မပို့ပြန်ရင်လည်း ... ' အတ္တသမားတွေ ' ...တဲ့

ယောက်ျားမကောင်းကြောင်းရေးထားတာ မဟုတ်ဘူးနော် သူငယ်ချင်းတို့ ကို
ချစ်လွန်းလို့ယောကျာ်းတွေရဲ့ မကောင်းတဲ့အကျင့်ကိုရေးထားတာနော်
ဒါပေမယ့်
ယောက်ျားတိုင်းတော့ မဟုတ်ဘူးနော်
သက်ဆိုင်သူများ ရှိခဲ့ရင် လွတ်လပ်စွာ သဘောထား ကွဲလွဲ နိုင်ပါတယ်နော် ။

e-mail

Friday, August 21, 2009

ချစ်လားမချစ်လားသိဖို့အတွက်နည်း လမ်း ၁၂ သွယ်

ချစ်လားမချစ်လားသိဖို့အတွက်အဖွဲ့သားအားလုံးကို နည်းလမ်း၁၂ခုဝေမျှပေးချင်ပါတယ်။ မှန်လားမမှန်လားတော့ကိုယ့်ဘာသာ စမ်းသပ်ကြည့်ကြပါနော်။


၁၂ : သင်ဟာ သူနဲ့ ညဘက်ထိစကားပြောမယ်။ အဲဒါတောင်မှ အိပ်ရာထဲရောက်ရင်လည်းသင်ဟာ သူအကြောင်းကို တွေးနေမိလိမ့်မယ်။
၁၁ : သင် သူနဲ့တွဲပြီးလမ်းလျှောက်တဲ့ အခါမှာသင်ခြေလှမ်းတွေနှေးနေလိမ့်မယ်။
၁၀ : သင် သူနဲ့ဝေးနေရတဲ့အခါ သင်ဝမ်းနည်းသလိုခံစားရလိမ့်မယ်။
၉ : သင် သူအသံကိုကြားတာနဲ့ပျော်ရွှင်နေလိမ့်မယ်။
၈ : သင် သူကိုကြည့်နေတဲ့အခါ သူတစ်ယောက်ကိုပဲမြင်လိမ့်မယ်။ သင်ဟာ
ပတ်ဝန်းကျင်ကို ဂရုစိုက်မှာ မဟုတ် တော့ဘူး။
၆ : သင်ရဲ့အတွေးထဲမှာ သူကအမြဲစိုးမိုးနေလိမ့်မယ် ။ သင်စဉ်းစားသမျှအရာအားလုံးဟာ သူအတွက်ပဲ။
၅ : သင် သူနဲ့တွေ့တဲ့အခါအမြဲပျော်ရွှင်ေ နလိမ့်မယ်။ သင်မျက်နှာမှာအပြုံးတွေစိုးမိုးနေလိမ့်မယ်။
၎ : သင် သူနဲ့တွေ့ရဖို့အတွက် ဘာမဆိုလုပ်လိမ့်မယ်။
၃ : သင် ဒီစာကိုဖတ်စဉ်မှာ တစ်စုံတစ်ယောက်ဟာ
သင့်နှလုံးသားထဲမှာအချိန်တိုင်း ရှိနေလိမ့်မယ်။
၂ : သင်ဟာ အဲဒီတစ်ယောက်အကြောင်းတွေးနေလို့
သင့်ဦးနှောက်အလုပ်ရှုပ်နေတာ ကြောင့် သင်ဟာ နံပါတ် ၇ကျန်ခဲ့တာကိုသတိထားမိမှာမဟုတ်ဘူး။
၁ : သင်ဟာ နံပါတ် ၇ ကျန်ခဲ့သလားလို့အပေါ်မှာပြန်စစ်ပြီးသင်ဟာသင်ကြိတ်ပြီးရယ်နေလိမ့်မယ်။
ဒီစာထဲကလိုသင်တကယ်ဖြစ်နေရင်တော့။ အသင့်နှလုံးသားထဲမှာရှိတဲ့ လူကိုချစ်မိနေပါပြီလို့ ရဲရဲကြီး အာမခံလိုက်ပါတယ်။ကိုယ့်ကို ကိုယ်စမ်းသပ်ကြည့်ကြပါနော် ။

အော်..ဒါနဲ့ ..စကားမစပ်ပေါ့နော်..
တောင်အမေရိက..ကသိပ္ပံပညာရှင်တွေရဲ့သုတေသနတွေရှိချက်တစ်ခုကတော့
ဥာဏ်ရည်နိမ့်တဲ့သူတွေက Mouse ပေါ်လက်တင်ပြီးစာဖတ်တတ်သတဲ့..
ခုမှလက်ချမနေပါနဲ့လေ..နောက်ကျသွားပါပြီလေ..

မိုးကလည်းရွာ ထီးကလည်းမပါ.....

လူတစ်ယောက် သင်းအုပ် ဘုန်းတော်ကြီးထံသို့ သူဧ။်အပြစ်ကို ၀န်ချတောင်းပန်သည်။



ဘုန်းတော်ကြီး။ ။ မင်းမှာဘာအပြစ်ရှိလို့လဲ။

လူ။ ။ ကျွန်တော်အရင်တစ်ပတ်က ကျွန်တော့်သူငယ်ချင်းအိမ်ကို
သွားလည်တယ်။

သူ့အိမ်ရောက်တော့ သူကမရှိဘူး။ အိမ်မှာသူ့မိန်းမပဲရှိတယ်။

အဲဒါနဲ့ကျွန်တော်ပြန်မယ် လုပ်တော့ .. မိုးက ၀ုန်းကနဲဆို ရွာချရော။

ထီးကလည်းမပါဘူး။ ဒါနဲ့ပဲ သူငယ်ချင်းမိန်းမက

မိုးခိုရင်းကော်ဖီသောက်လိုက်ဆိုပြီး ကော်ဖီဖျော်တိုက်တယ်။ အဲ ...

မိုးကလည်းတော်တော်နဲ့ မစဲဘူး။ အဲဒါနဲ့ပဲ မထိန်းနိုင်ဖြစ်ပြီး သူငယ်ချင်းမိန်းမ

နဲ့မှားသွားမိတယ်။ အဲဒါကြောင့် ခွင့်လွှတ်ပါ။

ဘုန်းတော်ကြီး။ ။ ရပါတယ်။ ဒါကလူတိုင်းဖြစ်နိုင်တာပဲ။ ခွင့်လွှတ်ပါတယ်။

လူ။ ။ မပြီးသေးဘူး။ လွန်ခဲ့တဲ့သုံးရက်လောက် ကကျွန်တော် ယောက္ခမအိမ်ကို

သွားလည်တယ်။ မိန်းမကလည်း မအားလို့မလိုက်တော့ဘူးတဲ့။ ယောက္ခမ အိမ်ရောက်တော့

သူမရှိဘူး။ Party သွားတယ်တဲ့။ ကျွန်တော့်ခယ်မ တစ်ယောက်ပဲအိမ်မှာရှိတယ်။ အဲဒါနဲ့

မကောင်းပါဘူးလေ ဆိုပြီး ပြန်မယ်လုပ်တော့ မိုးကရွာကော။ ထီးမပါလာပြန်ဘူး။

ဒါနဲ့ခယ်မကလည်း ကော်ဖီဖျော်တိုက်တယ်။

မိုးကလည်းတော်တော်နဲ့မတိတ်ဘူး။ အဲဒီ့မှာပဲ မထိန်းနိုင်ပဲ မှားသွားမိသေးတယ်။

ဘုန်းတော်ကြီး။ ။ အင်း......... နည်းနည်းတရားလွန်ပေမယ့် ခွင့်လွှတ်လိုက်ပါတယ်။

လူ။ ။ နောက်တစ်ခုကျန်သေးတယ်။ မနေ့က ကျွန်တော့်အဒေါ်အိမ်သွားတယ်။ အဒေါ်ဆိုတာ

အဖွားရဲ့မွေးစားသမီးပါ။ ကျွန်တော်နဲ့တော့ ဘာမှမတော်ပါဘူး။

သူကလည်းအိမ်မှာမရှိဘူး။ သူ့ရဲ့သားပဲအိမ်မှာရှိတယ် ။

ကျွန်တော်ပြန်မယ်လုပ်တော့ မိုးကသဲသဲမဲမဲ ကိုချတော့တာပဲ။ အဲဒါနဲ့သူ့ရဲ့သားက

ကော်ဖီဖျော်တိုက်တယ်။

ထီးမပါတော့ပြန်လို့မရဘူးပေါ့။ အဲဒီ့မှာပေါ့ ...

အဒေါ့်သားကနည်းနည်းနွဲ့နွဲ့လေး ဆိုတော့ကျွန်တော်လည်း ....................

ဘုန်းတော်ကြီး။ ။ တော်တော် .. ဆက်မပြောနဲ့တော့။ ငါအကုန်လုံးကိုခွင့်လွှတ်တယ်။

ပြီးပြီမဟုတ်လား။ မင်း မင်း... မြန်မြန်ပြန်တော့။ မင်းဒီကိုလာတာထီးလည်းမပါဘူး။

အခုအပြင်မှာမိုးအုံ့နေပြီ။

Thursday, August 20, 2009

မေးတာဖြေပါ

၁)အောက်ပါတို့ကို သိရှိသလောက် ဖြေဆိုပါ။

အမေး။ နိုင်ငံတော် သီချင်းကို မည်သူရေးစပ်ခဲ့သနည်း။
အဖြေ။ သီချင်းရေးဆရာ ဖြစ်ပါသည်။

အမေး။ Shakespeare ဆိုသည်မှာ မည်သူနည်း။
အဖြေ။ တုန်ခါနေသော လှံ ဟု အဓိပ္ပာယ်ရပါသည်။

အမေး။ အာဇာနည်ဆိုသည်မှာ အဘယ်သူနည်း။
အဖြေ။ `ယဉ်ယဉ်လေးရူး´ သီချင်းကို သီဆိုသော အဆိုတော်ဖြစ်သည်။

အမေး။ မဟာ ဗန္ဓုလသည် မည်သည့်စစ်ပွဲတွင် ကျဆုံးခဲ့သနည်း။
အဖြေ။ သူ၏ နောက်ဆုံးစစ်ပွဲတွင် ဖြစ်သည်။

အမေး။ မင်းတုန်းမင်း၏ ငယ်နာမည်ကို သိပါသလား။
အဖြေ။ လုံးဝမသိကြောင်း ၀န်ခံပါသည်။

==============================

၂) အောက်ပါတို့ကို အသေးစိတ်ရှင်းပြပါ။

အမေး။ လူ နှင့် ခွေး၏ ဆက်စပ်ပုံကို ဖြေပါ။
အဖြေ။ လူသည် သေမျိုး၊ ခွေးသည်လည်း သေမျိုး
သေမျိုးခြင်းအတူတူဖြစ်သည်။ ထို့ကြောင့်...
လူသည် သေမျိုး = ခွေးသည် သေမျိုး
ညီမျှခြင်းနှစ်ဘက်စလုံးမှ `သေမျိုး´ များကို ချေလိုက်သောအခါ
လူ = ခွေး

အမေး။ `ကျွဲပါးစောင်းတီး´ စကားပုံကို ရှင်းပြပါ။
အဖြေ။ ကျွဲ၏ ပါးစောင်းအား သွားတီးခြင်းဖြစ်ပါသည်။ အင်မတန်မှ
အန္တရာယ်များမည့် အလုပ်ဟု ယူဆရပါသည်။

အမေး။ ထမင်းစားသော တူကို မည်သူတီထွင်ခဲ့သနည်း။ အဘယ်ကြောင့်နည်း။
အဖြေ။ တရုတ်လူမျိုးများဟု ထင်ပါသည်။ သို့သော် ထိုသူကို တော်တော်လေး
အမြင်ကပ်ပါသည်။ သူ့ဘာသာ လက်နဲ့အလွယ်တကူ စားလို့ရနေတာကို
တုတ်ချောင်းနှစ်ချောင်းဖြင့် ညှပ်ပြီး မခက်ခက်အောင်လုပ်ပြီး စားရသည်မှာ
သိပ်အဓိပ္ပာယ် မရှိဟု ထင်မိပါသည်။ တူ၏ အခြားမကောင်းသောအချက်မှာ
ဟင်းချိုသောက်၍ မရခြင်းဖြစ်သည်။

==============================

၃) အောက်ပါတို့ကို ဘာသာပြန်ပါ။

အမေး။ How do you do?
အဖြေ။ ခင်ဗျား ဘယ်လို လုပ်လိုက်တာလဲဗျာ။

အမေး။ Long time no see.
အဖြေ။ အရှည်ကြီးက အချိန်မမြင်ဘူးဟ။

အမေး။ Fine for smoking
အဖြေ။ ဆေးလိပ်သောက်လို့ အဆင်ပြေပါတယ်။

အမေး။ We need to check the time table.
အဖြေ။ ကျုပ်တို့ နာရီစားပွဲနဲ့ ကျားထိုးရဦးမယ်ဗျ။

အမေး။ Free Burma.
အဖြေ။ မြန်မာပြည်ကြီးကို အလကားယူသွားဗျာ (ပိုက်ဆံပေးဖို့မလို)

အမေး။ Save the forest.
အဖြေ။ တောအုပ်ကြီးကို သိမ်းထားစမ်းပါ။

အမေး။ Free Alcohol Zone
အဖြေ။ အရက်အလားကား ရသော နေရာဖြစ်သည်။

အမေး။ Wash Basin
အဖြေ။ ရေဇလုံကို ဆေးပါ

Wednesday, August 19, 2009

အကြောင်းရင်း

နာမည်ကျော် တက္ကသိုလ်ပါမောက္ခကြီးတစ်ဦးဟာ သူ့ရဲ့ သုတေသနလုပ်ငန်းတစ်ခုအတွက် တပည့်တစ်ချို့နဲ့အတူ ကျေးရွာတစ်ရွာကို လေ့လာရေးခရီးထွက်ခဲ့သတဲ့။ ရွာရဲ့စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ လူနေမှုဘဝတွေကို ပါမောက္ခကြီးဟာ စနစ်တကျ လေ့လာတယ်။ မှတ်သားတယ်။ မေးမြန်းတယ်။

တစ်နေ့မှာတော့.....

မွေးမြူရေးသမားတစ်ဦးနဲ့ ဆွေးနွေးနေစဉ်မှာ မွေးမြူရေးသမားက သူမွေးထားတဲ့ နို့စားနွားမတွေ လွှတ်ကျောင်းထားတာကို ကြည့်ပြီး...

"ဟို စာဥဆိုတဲ့ ကောင်မ ဘယ်သွားဦးမှာလဲ?"

"တိမ်ပြာဆိုတဲ့ ဟာမကလည်း ဟိုဘက်ခြံစည်းရိုးတိုင်ကို သွားပွတ်နေပြန်ပြီ"

"ဟဲ့ ဖြူ မြက်ကောင်းကောင်းမစားဘဲ ဘာဖြစ်လို့ တခြားကောင်မတွေကို လိုက်ဝှေ့နေတာလဲ" စသည်ဖြင့် လှမ်းလှမ်းပြီး မြည်တွန်တောက်တီးနေတယ်။ ပါမောက္ခက လယ်သမားကို အံ့သြတကြီး ကြည့်ပြီး....

"ခင်ဗျားက ခင်ဗျားနွားမတွေအားလုံး နာမည်မှတ်မိတာပဲလား" လို့ မေးလိုက်တယ်။

"မှတ်မိတာပေါ့ ဆရာကြီးရယ်။ သူတို့နာမည်မှတ်မိမှ သူတို့ကို ထိန်းရလွယ်တာ"

"တော်တယ်ဗျာ၊ ကျုပ်ကတော့ ကျုပ်တပည့်မတွေ နာမည်ကို မမှတ်မိပါဘူး"

ဒီအခါမှာ မွေးမြူရေးသမားရဲ့ ဇနီးက ဝင်ပြောတယ်။ သူမရဲ့ ပြောစကားကြောင့် ပါမောက္ခကြီးရဲ့ ဘေးက ကျောင်းသားတွေ ပြုံးစိစိ ဖြစ်သွားကြသတဲ့။

မိန်းမကြီး ပြောတာက ဒီလိုလေ...

"ဆရာကြီးက ဘယ်မှတ်မိမလဲ၊ ကျွန်မယောက်ျားလို တစ်နေ့နှစ်ကြိမ် နို့မှ မညှစ်ရဘဲ"

ရိုင်းသွားရင် ခွင့်လွတ်ပါ... :)

Gtalk Funny Lines!