Jokes: ချစ်လားမချစ်လားသိဖို့အတွက်နည်း လမ်း ၁၂ သွယ်
Wedding Rings

Fun for My Friends

Friday, August 21, 2009

ချစ်လားမချစ်လားသိဖို့အတွက်နည်း လမ်း ၁၂ သွယ်

ချစ်လားမချစ်လားသိဖို့အတွက်အဖွဲ့သားအားလုံးကို နည်းလမ်း၁၂ခုဝေမျှပေးချင်ပါတယ်။ မှန်လားမမှန်လားတော့ကိုယ့်ဘာသာ စမ်းသပ်ကြည့်ကြပါနော်။


၁၂ : သင်ဟာ သူနဲ့ ညဘက်ထိစကားပြောမယ်။ အဲဒါတောင်မှ အိပ်ရာထဲရောက်ရင်လည်းသင်ဟာ သူအကြောင်းကို တွေးနေမိလိမ့်မယ်။
၁၁ : သင် သူနဲ့တွဲပြီးလမ်းလျှောက်တဲ့ အခါမှာသင်ခြေလှမ်းတွေနှေးနေလိမ့်မယ်။
၁၀ : သင် သူနဲ့ဝေးနေရတဲ့အခါ သင်ဝမ်းနည်းသလိုခံစားရလိမ့်မယ်။
၉ : သင် သူအသံကိုကြားတာနဲ့ပျော်ရွှင်နေလိမ့်မယ်။
၈ : သင် သူကိုကြည့်နေတဲ့အခါ သူတစ်ယောက်ကိုပဲမြင်လိမ့်မယ်။ သင်ဟာ
ပတ်ဝန်းကျင်ကို ဂရုစိုက်မှာ မဟုတ် တော့ဘူး။
၆ : သင်ရဲ့အတွေးထဲမှာ သူကအမြဲစိုးမိုးနေလိမ့်မယ် ။ သင်စဉ်းစားသမျှအရာအားလုံးဟာ သူအတွက်ပဲ။
၅ : သင် သူနဲ့တွေ့တဲ့အခါအမြဲပျော်ရွှင်ေ နလိမ့်မယ်။ သင်မျက်နှာမှာအပြုံးတွေစိုးမိုးနေလိမ့်မယ်။
၎ : သင် သူနဲ့တွေ့ရဖို့အတွက် ဘာမဆိုလုပ်လိမ့်မယ်။
၃ : သင် ဒီစာကိုဖတ်စဉ်မှာ တစ်စုံတစ်ယောက်ဟာ
သင့်နှလုံးသားထဲမှာအချိန်တိုင်း ရှိနေလိမ့်မယ်။
၂ : သင်ဟာ အဲဒီတစ်ယောက်အကြောင်းတွေးနေလို့
သင့်ဦးနှောက်အလုပ်ရှုပ်နေတာ ကြောင့် သင်ဟာ နံပါတ် ၇ကျန်ခဲ့တာကိုသတိထားမိမှာမဟုတ်ဘူး။
၁ : သင်ဟာ နံပါတ် ၇ ကျန်ခဲ့သလားလို့အပေါ်မှာပြန်စစ်ပြီးသင်ဟာသင်ကြိတ်ပြီးရယ်နေလိမ့်မယ်။
ဒီစာထဲကလိုသင်တကယ်ဖြစ်နေရင်တော့။ အသင့်နှလုံးသားထဲမှာရှိတဲ့ လူကိုချစ်မိနေပါပြီလို့ ရဲရဲကြီး အာမခံလိုက်ပါတယ်။ကိုယ့်ကို ကိုယ်စမ်းသပ်ကြည့်ကြပါနော် ။

အော်..ဒါနဲ့ ..စကားမစပ်ပေါ့နော်..
တောင်အမေရိက..ကသိပ္ပံပညာရှင်တွေရဲ့သုတေသနတွေရှိချက်တစ်ခုကတော့
ဥာဏ်ရည်နိမ့်တဲ့သူတွေက Mouse ပေါ်လက်တင်ပြီးစာဖတ်တတ်သတဲ့..
ခုမှလက်ချမနေပါနဲ့လေ..နောက်ကျသွားပါပြီလေ..

2 comments:

ဟိန်းညီ said...

ဟဟဟဟ
လာလည်းဖတ်ရသေးတယ်။
တွယ်ခံရတယ်ဟေ့။ ခိခိ နင်ကတော့..

Kiki (ခိခိ) said...

ဒီစာကိုရေးထားတဲ့သူက တွယ်ထားတာပါဟ။
ငါကပြန် share တာပါ။ အမှန်အတိုင်းပြောရရင်ငါဒီ e-mail ကိုဖတ်တုန်းက ကော်ဖီသောက်နေလို့  mouse ပေါ်လက်မတင်ထားမိဘူး။ ဟဲဟဲ...