Jokes: ပြတ်ပြတ်သားသား ဆုံးဖြတ်ပါ
Wedding Rings

Fun for My Friends

Saturday, September 12, 2009

ပြတ်ပြတ်သားသား ဆုံးဖြတ်ပါ

ရန်ကုန်မြို့ ခရီးသည်များ တင်ဆောင်လာသော ဘတ်စ်ကားပေါ်တွင်ဖြစ်သည် ။ ကလေးအမေတစ်ယောက်သည် သူ့ကလေးမှာ လူကြားထဲ အော်ကြီးဟစ်ကျယ် ငိုယိုနေသဖြင့် အငိုတိတ်ရန်

အမျိုးမျိုးကြိုးစားပါတယ်။ ကလေးက လသား အရွယ်ဖြစ်လို့ ဘေးကလူတွေကိုကြည့်ပြီး စွတ်ဆတ်ငိုပါတော့တယ် ။ ကလေးအမေကလည်း ကလေးနို့ဆာလို့ ငိုတာပဲလို့ ထင်ပြီး နို့တိုက်ပါတယ် ။

ကလေးက နို့မစို့ ပဲ ဆက်ငိုနေသေးလို့ ကလေးအမေက စိတ်မရှည်တော့ပဲ သူ့ကလေးအား

"သားလေး..မင်းနို့မ စို့ရင် မေမေ ဘေးကလူကြီးကိုတိုက်လိုက်မှာ နော"် ဟုပြောလေသည် ။

ကလေးအမေဘေးမှာ ရပ်နေသော လူကြီးက ထိုစကားကိုကြားကာ ရှက်သွားပြီးဘေးဘယ်ညာကို လျှေက်ကြည့်နေပါတယ် ။

ကလေးမှာ ဆက်ငိုနေသဖြင့် ကလေးအမေမှာ အထက်ပါ အတိုင်း ဆက်ပြောပါတယ် ။

မှတ်တိုင် ၅ ခု ၆ ခု လောက်ကျော်လာတဲ့ အခါ ကလေးက ထပ်ငိုပါတယ် ။

ကလေးအမေကလည်း

"သားလေး..မင်းနို့မ စို့ရင် မေမေ ဘေးကလူကြီးကို တကယ် တိုက်လိုက်မှာ နော"် ဟုထပ်ပြောပါတယ် ။

အဲမှာ ဘေးကလူကလဲ တင်းလာပြီး ကလေးအမေကို

"ဒီမှာ... ခင်ဗျား ဆုံးဖြတ်ချက် ကို ပြတ်ပြတ်သားသား ချတော့ ဗျာ.. ခင်ဗျား ဆုံးဖြတ်ချက်ကို စောင့်နေရတာနဲ့ ကျုပ်ဆင်းရမဲ့ မှတ်တိုင်တွေတောင် ကျော်လာပြီ "

ဘေးကခရီးသည်များကလည်း ၀ိုင်းရီကြပါတော့တယ် ။


e-mail

No comments: