Jokes: ဟာသများ(၃)
Wedding Rings

Fun for My Friends

Saturday, September 12, 2009

ဟာသများ(၃)

နိမိတ်ကောက် တော်လိုက်ပုံက
ကိုစကူ တယောက် ကြက်ဝိုင်းတွင် ရောက်နေပြန်သည်။

ဘယ်ကြက်လောင်းရမည်ကို စဉ်းစားနေခိုက် တိုက်ကြက်ပိုင်ရှင်တဦးက-

“ ‘သေချင်းဆိုး’ တဲ့ကွ အသေဆိုးနဲ့ သေချင်တဲ့ကြက်တွေ စိမ်ခေါ်တယ်ကွ၊ သူဌေးဖြစ်ချင် ‘သေချင်း ဆိုး’ဘက်နေ။” ဟု စိမ်ခေါ်လိုက်သည်။

တခြားသူတွေကတော့ နာမည်ကိုက နိမိတ်မရှိ နမာမရှိနဲ့ ဆိုပြီး တခြားကြက်ကို ၀ိုင်းလောင်းကြသည်။

ကိုစကူ တယောက်သာ ပါတဲ့ ပိုက်ဆံအားလုံးကို သေချင်းဆိုးဖက်မှ လောင်းလိုက်သည်။

ပွဲစပြီး နှစ်ချီမြောက်တွင် သေချင်းဆိုးက တဖက်တိုက်ကြက်ကြီးကို လည်ငိုက်ကျသွားအောင် အနိုင်ပိုင်းသွား သဖြင့် ကိုစကူ တစ်ယောက် လောင်းကြေး အမြောက်အများရသွားသည်။

“ဒီ ‘သေချင်းဆိုး’ ကြက်အနိုင်ရမယ်ဆိုတာ ခင်ဗျား ဘယ်လိုလုပ်သိလဲဗျ။” ဟု အနားက လူတစ်ယောက် က မေးလိုက်သည်။

“ကျွန်တော့်မိန်းမပေါ့ဗျာ၊ သူပေးလိုက်တဲ့ နိမိတ်ပေါ့၊ ကြက်ဝိုင်းသွားမယ်လဲသိရော၊ ကျွန်တော်အိမ်က အထွက် သတိလှမ်းပေးလိုက်တယ်လေ၊”

“ဘယ်လိုသတိပေးတာလဲဗျ။”


“ ‘သေချင်းဆိုး’ တဲ့ဗျ။”
 







ငါဘယ်သူလဲ????
ညဦးပိုင်းဝင်ခါစ အချိန်ကလေးတွင်ဖြစ်သည်.......
လင်မယားနှစ်ယောက် အတူတူ အိပ်စက်နေချိန်တွင် အိမ်တံခါးမကြီးကို ခက်ပြင်းပြင်းခေါက်သံထွက်ပေါ်လာသည်.....။
တံခါးခေါက်သံကြောင့် မိန်းမလုပ်သူမှာ ရုပ်တရက် လန့်နိုးပြီ ယောင်္ကျားဖြစ်သူကို ချက်ခြင်းနိုးခါ ”ဟယ်... ဒုက္ခပါပဲ.. ယောင်္ကျားပြန်လာပြီ..” ဟုဆိုကာ နီးစပ်ရာ ပြတင်းပေါက်မှ အတင်းခုန်ချခိုင်းလိုက်သည်..။ ယောင်္ကျားဖြစ်သူမှာ ကြောင်တောင်တောင်နှင့် ခုန်ချလိုက်ပြီး တစ်ဆက်ထဲတွင်သူစဉ်းစားနေသည်က ”ငါဘယ်သူပါလိမ့်...” တဲ့.....။





တကယ်သတ္တိ
ကိုယုကီ  = မနေ့ညက မင်းတို့လင်မယား ရန်အကြီးအကျယ် ဖြစ်ကြတယ်ဆို။ ဘယ်လိုဖြစ်ပြီး ဘယ်လိုပြီးသွားတာလဲ .. ..
ကိုရူနီလေး= ဘယ်ရမလဲ ဒီမိန်းမ ဒူးထောက်ကျသွားတာပေါ့။ ဒူးနှစ်ဖက်တင်မကဘူး လက်နှစ်ဖက်ပါ ထောက်သွားတယ်ကွ ။
ကိုယုကီ = အလဲ့ တယ်ဟုတ်ပါလား၊ မင်းမိန်းမက လေးဖက်ထောက်ပြီး ဘာပြောလဲ ဆိုစမ်းပါဦး။
ကိုရူနီလေး = အင်း ငါ့မိန်းမက လေးဖက်ထောက်ပြီး ရှင် အခုချက်ချင်း အဲ့ဒီကုတင်အောက်က ထွက်ခဲ့၊ ယောက်ျားပီပီ သတ္တိရှိရှိ ကျုပ်ကို ရင်ဆိုင်စမ်းပါတဲ့ ... ...... ဟီး ဟီး …။
ကိုယုကီ  = ဟိုက် - သေလိုက်ပါတော့ကွာ …… ။




ဖြစ်နိုင်ချေ
ကိုဒသ နှင့် ကိုစိုးထိုက် တို့ နှစ်ယောက် အရက်ဘားတွင် အရက်သောက်နေကြသည်။ ရေချိန်အတော်လေး ကိုက်လာသောအခါ ကိုဒသ က

“ဟေး ငါ့မျက်လုံးကို ငါကိုက်ပြမယ်ဆို မင်းယုံမလား။”

ကိုစိုးထိုက် က သူညာဖက်မှာထိုင်နေတဲ့ ကိုဒသ ကို တချက်ကြည့်လိုက်တယ်။ နောက် ဒီလူမူးနေပြီလို့ တချက်တွေး လိုက်ရင်း

“မယုံဘူးဗျာ။”

“ဒါဆို အရက်တပုလင်းကြေးလောင်းမလား။”

“လောင်းတယ်ဗျာ။စိန်လိုက်။”

ကိုဒသ က သူ့ရဲ့ ဘယ်ဖက်က မျက်လုံးအတုကို ထုတ်ပြီး ကိုက်ပြလိုက်သည်။ သို့ဖြင့် ကိုစိုးထိုက် က အရက်တလုံး ပေးလိုက်ရသည်။ ကိုဒသ က အရက်ဆက်သောက်ရင်း ပုလင်းတ၀က်ကျိုးတဲ့အခါမှာ

“ဟေး ကျန်တဲ့ မျက်စေ့တလုံးကို ငါထပ်ကိုက်ပြမယ်ဆိုရင်ကော မင်းလောင်းအုံးမလားကွ။”

ကိုစိုးထိုက် က ကိုဒသ ကို တချက်ထပ်ကြည့်လိုက်သည်။ ကိုဒသ တော်တော်ကြီးမူးနေပြီ။ နောက် ဒီလူ မျက်လုံးနှစ်လုံး စလုံးတော့ အတုမဖြစ်နိုင်ဘူးဟု တွေးလိုက်သည်။ သို့နှင့်

“လောင်းမယ်။ ဒီတခါ အရက် နှစ်လုံးကြေး”

ကိုစိုးထိုက် စကားဆုံးသည် နဲ ကိုဒသ က “အိုကေ။” ဟုဆိုလိုက်သည်။


ထို့နောက် သွားအတုတွေကို ထုတ်ပြီး ကျန်မျက်လုံးကို ထပ်ကိုက်ပြလိုက်သည်။



ကျား-မ ခွဲခြားရေး နည်း
အသက် ၁၇ နှစ်အရွယ် မီးငယ် တယောက် ဖခင်မောင်းသော ကားတွင် ဘေးမှ ထိုင်လာသည်။

တစ်နေရာတွင် ဆံပင်ရှည်ရှည်နှင့် ဂျင်းဘောင်းဘီဝတ်ထားသူတယောက်ကို တွေ့သည်။

အဖေက မီးငယ်ကို မေးလိုက်သည်။

“သမီး ဟိုက ဂျင်းဘောင်းဘီနဲ့ သူက ယောက်ျားလေးလား မိန်းကလေးလား။”

မီးငယ်က “ယောကျာ်းလေးပါဖေဖေ”

“သမီးဘယ်လို သိသလဲ”


“သမီးရင်ခုန်သွားလို့ပါ”





နေ နဲ့ လ

ကိုဒသ နှင့် ကိုဇော်ဂျီ  နေနဲ့ လ ဘယ်ဟာက ပို အသုံးတည့်ကြောင်း ပြောနေကြသည်။

ကိုဒသ စပြောသည်။

“ငါကတော့ နေ ကိုပိုကြိုက်တယ်၊ ကြည့်လေ၊ နေဆိုတာ နေ့ပိုင်းမှာပေါ်တယ်၊ နေ့ပိုင်းမှာ နေရောင်ရှိ လို့ အားလုံးကို မြင်ရတယ်။ အဲ - လ ကျတော့ မှောင်တဲ့အချိန်ညပိုင်း ကျမှ ပေါ်လာပြီး နေက ရတဲ့ အလင်းရောင်နဲ့ပဲ လင်းရတယ်။ ”

ကိုဇော်ဂျီ  ကတော့ လ ကိုပိုကြိုက်ကြောင်း အားတက်သရော ပြောလိုက်တာ ကတော့ ………….


“ငါကတော့ လ ကိုပိုကြိုက်တယ်။ မင်းပဲ စဉ်းစားကြည့်၊ လတိုင်း လတိုင်း ငါ လခရတယ်။ ဒီကိစ္စမှာ နေဟာ ဘာမှမပတ်သက်ဘူး။”



ထုံးစံမရှိဘူး
မန်ယူမန်နေဂျာ ဖာဂူဆန်တစ်ယောက် စကော့တလန်ရှိ ဇာတိ ရွာသို့ အလည်သွားသည်။

ညပိုင်း မအိပ်ခင် ခြေလက်ဆေးသည့် အကျင့်က ဖျောက်မရ။

အိမ်နောက်ဖေး ရေတွင်းအနီး ခြေလက်ဆေးရင်း ရေတွင်းထဲချော်ကျသည်။

ဖာဂီ ၏ အလန့်တကြား အော်သံကြောင့် အိမ်သားများ ပြေးထွက်လာသည်။

ရေတွင်းကသိပ်မမြင့်လှသဖြင့်လက်တကမ်းလှမ်းဆွဲ၍မီနိုင်သည်။အိမ်သားများတယောက်ပြီးတယောက် ဖာဂီ  အား ဆွဲတင်ရန် ကြိုးစားကြသည်။

“လက်ပေးလိုက်။ လက်ပေးလိုက်၊” သို့သော် ဖာဂီ ကား လက်မကမ်း၊ ဒီအတိုင်းဆို ရေတိမ်နစ်တော့မည်။

ရွာထဲမှလူကြီးများ လည်း ရောက်လာသည်။ အခြေအနေကို အကဲခတ်သည်၊ ထို့နောက် အနီးနားရှိ လူများကို လှမ်းပြောလိုက်သည်။

“ကဲ။ အားလုံးဖယ်။ အားလုံးဖယ်၊” ထို့နောက် လူကြီးတစ်ဦး က ဖာဂီ အား တစုံတရာ လှမ်းပြောလိုက်သည်၊

ဒီတော့မှပဲ ဖာဂီ လက်ပေါ်လာကာ လှမ်းဆွဲလိုက်သဖြင့် ရေနစ်သည့်ဘေးမှ လွတ် တော့သည်။

လူကြီး ပြောလိုက်တာကတော့ -

“ရော့ရော့ မန်နေဂျာကြီး ကျွန်တော့်လက်ကိုယူလိုက်။ကျွန်တော့်လက်ကို ယူလိုက်၊” ဖြစ်ပါသတည်း။





အသက်ရှုရ ကြပ်လွန်းလို့ပါ
ဆာအဲလက်စ်ဖာဂူဆန် အသည်းအသန်ဖြစ်လို့ ဆေးရုံတက်နေသည်။
လူနာ ကုတင်ပေါ်မှာ လဲလျောင်း၍နေပြီး အသက်ရှုရန် အောက်စီဂျင်ကိုပါ တပ်ထားရ သည်၊ အသက်ရှုရ ကြပ် လွန်းသဖြင့် ဖာဂီကြီးခမျာ သေလုမတတ်ခံစားနေရသည်။

မော်ရင်ဟို ဘေးနားမှာထိုင်ပြီး မျက်ရည်များ အတောက်လိုက်။ အတောက်လိုက် ကျလျက် ရှိရာ ဖာဂီ က အားယူပြီး မော်ရင်ဟို ကို ဖြည်း ဖြည်းချင်း ပြောသည်။

အဲလောက်ထိလည်း ပူဆွေးဝမ်းနည်းမနေပါနဲ့ကွာ၊ ငါသေရင် မင်းအတွက် မန်ယူမန်နေဂျာရာထူး အပြင် ငါစုထားတဲ့ စိန်တွေ။ ရွှေတွေ မြင်းတွေ။ တိုက်အိမ်တွေ။ နောက်ပြီး ကုမ္ပဏီတွေအားလုံးကို မင်းကြိုက်သလောက် ငါအမွေပေးခဲ့မှာပါကွာ့ ၊

အားနည်းပြီး အသက်ကို တချက်ချင်းသာ ရှုနေရတဲ့ ဖာဂီကြီးခမျာ ကူရာကယ်ရာ မဲ့သူတယောက်လို သနားစရာကောင်းလှသည်။

မော်ရင်ဟိုကလည်း  ကျနော်ဘာကူညီပေးရမလဲ၊ ကျနော်ကူညီလို့ရတာရှိရင် ပြောပါ၊ ကျနော့်ကို အားမနာပါနှင့် ဟု ပြောလိုက် သည်။

ဖာဂီ - အေးကွာ ကျေးဇူးတင်ပါတယ်။ လောလောဆယ် အရင်ဆုံးလုပ်ရမှာက မင်းရဲ.ခြေထောက်က ငါ့ အောက်ဆီဂျင်ပိုက်ကို တက်နင်းထားတယ်။ အဲ့ဒါလေး အရင်ဆုံး ဖယ်ပေးပါကွာ။



သုံးရက်ကျမှ




နိုင်ငံ တကာ အမျိုးသမီး ညီလာခံ တခု ကျင်းပသည်၊ ကမ္ဘာအရပ်ရပ်မှ အမျိုးသမီး ၀ါဒီများ တက်ရောက်ကြ သည်၊ မြန်မာနိုင်ငံမှလည်း  အမျိုးသမီး ကိုယ်စားလှယ် တစ်ဦးပါသည်၊ အမေရိကန်အမျိုးသမီးက သူ့အတွေ့အကြုံကို စပြော သည်၊ “ကျွန်မယောကျာ်းနဲ့ လက်ထပ်တဲ့နေ့မှာပဲ သူ့ကိုပြော လိုက်တယ်။ ကျွန်မ သန့်ရှင်းရေး မလုပ်နိုင်ဘူး။ အိမ်မ ရှင်းနိုင်ဘူးလို့၊ တရက် မမြင်ရဘူး၊ နှစ်ရက် မမြင်ရ ဘူး၊ သုံးရက် မြောက် တဲ့နေ့မှာ သူ ပုံးတပုံးနဲ့ ပြန်ရောက်လာတယ်၊ ပုံးထဲမှာ စက်ရုပ်တခု၊ အဲဒီစက်က သန့်ရှင်းရေးလုပ်ပေးတယ်။ အိမ်ရှင်းပေးတယ်၊”

အင်္ဂလိပ်အမျိုးသမီး အလှည့်ရောက်သည်၊

“ကျွန်မလည်း ယောကျာ်းနဲ့ လက်ထပ်တဲ့ နေ့မှာပဲ ပြောလိုက်တယ်၊ ကျွန်မ ထမင်းမချက်နိုင်ဘူး၊ ပန်းကန်မဆေးနိုင်ဘူးလို့၊ တရက်မမြင်ရဘူး၊ နှစ်ရက်မမြင်ရဘူး၊ သုံးရက်မြောက်တဲ့ နေ့မှာ သူသေတ္တာတလုံးနဲ့ ပြန်လာတယ်၊ သေတ္တာထဲက စက်ရုပ်က ထမင်းချက်ပေးတယ်၊ ပန်းကန်ဆေးပေးတယ်၊”
မြန်မာ အမျိုးသမီးအလှည့်ရောက်လာသည်၊
“ကျွန်မလည်း ယောကျာ်းနဲ့ လက်ထပ်တဲ့နေ့မှာပဲ ပြောလိုက်တယ်၊ ကျွန်မ တံမြက်စည်းမလှည်းနိုင်ဘူး၊ ရေမခပ်နိုင်ဘူး၊ ထမင်းမချက်နိုင်ဘူးလို့၊ တရက်မမြင်ရဘူး၊ နှစ်ရက်မမြင်ရဘူး၊”

“အဲ- သုံးရက်မြောက်တဲ့နေ့မှ ဘယ်ဖက်မျက်လုံးက နည်းနည်း ပြန်မြင်လာတယ်၊”







မိန်းမဆိုရင်- နိုး



ကိုဘမောင် တယောက် မိန်းမ ရသည်မှာ နှစ်ပေါင်း အတော် ရှိလာပြီ ဖြစ်သည်၊

လွန်ခဲ့သည့် လ အနည်းငယ်မှ စ၍ ပြဿနာ စလာခဲ့သည်၊

မိန်းမဖြစ်သူနှင့် ချစ်ကျွမ်းဝင်ရန် ကိုဘမောင် တယောက် မစွမ်းတော့၊

ဆရာဝန်များ တယောက်ပြီး တယောက် ပြောင်းပြသည်၊ ဆေးခန်း ပေါင်းစုံပြီ၊ အင်္ဂလိပ်ဆေး။ တိုင်းရင်းဆေး။ ဆေး မြီးတို စုံအောင် စမ်းပြီးပြီ၊ အဆင်မပြေ၊

ကိုဘမောင် မကျေနပ်၊ အပြင်မှာ တခြား အမျိုးသမီး များနှင့် ကျိုးစား ကြည့်သည်၊

အံ့သြဖွယ် ကောင်းသည်၊ အဆင်ပြေသည်၊

သို့သော် ကိုဘမောင် တယောက် မိမိမိန်းမနှင့်သာ ချစ်ကျွမ်းဝင်လိုသည်၊ သည်လိုနှင့် ဆေးခန်းမျိုးစုံ ထပ်လှည့် ပြန်သည်၊

အရင် တပတ် ကတော့ ကိုဘမောင် တယောက် စိတ်ရောဂါကု ဆရာဝန် တယောက်နှင့် တွေ့သည်၊ ဆရာဝန် ညွှန်ကြား သည့်အတိုင်း စမ်းကြည့်သည်၊ အောင်မြင်သည်၊

မိန်းမ ဖြစ်သူမှာလည်း စိတ်ကျေနပ်မှု ရသည်၊ ယောက်ျားဖြစ်သူ ကိုဘမောင် မိမိနှင့် ပြန်လည် ပျော်ပါး နိုင်ပြီ၊

သို့သော် ချစ်ကျွမ်း မ၀င်မှီ ၁၀ မီးနစ်- ၁၅ မီးနစ် ခန့် ကိုဘမောင် တယောက် ရေချိုးခန်း ထဲကို မိမိ ဓါတ်ပုံ ကိုင်ကိုင်ပြီး ၀င်သွားသည်ကို သတိထားမိ နေသည်၊ မိန်းမ သဘာဝ စပ်စုမိသည်၊ သိချင်သည်၊

ဒီတညတော့ ကိုဘမောင် နောက်တိတ်တိတ် ကလေး လိုက်ချောင်းမည်၊

ကိုဘမောင် ထွက်သွားသည်၊ ၅ မီးနစ် လောက်အကြာ တိတ်တိတ် ကလေး အိပ်ရာမှ ထကာ ရေချိုးခန်း သို့ အသံ မကြားအောင် ကပ်သွားသည်၊

ရေချိုးခန်း မှန်ရှေ့တွင် သူမဓါတ်ပုံကို တလှည့် သူ့ကိုယ်သူ မှန်ထဲတွင် တလှည့် ကြည့်ရင်း ပါးစပ် မှလည်း တတွတ်တွတ် ရွတ်နေသည်ကို တွေ့ရသည်၊ ကိုဘမောင် တယောက် အော်တိုဆပ်ဂျက်ရှင်း နည်းဖြင့် မိမိစိတ်ကို မိမိ နားချနေပုံ ရသည်၊ သူမ ပိုစိတ်ဝင်စား သွားသည်၊ အနားသို့ တတ်နိုင်သမျှ အသံ မထွက်အောင် ကပ်သည်၊ အသံ မသဲမကွဲ ကြားသည်၊ ထပ်တိုးသည်၊ အသံ နည်းနည်း ကြား ရသည်၊ နည်းနည်း ထပ်တိုးသည်၊ ကြားရပါပြီ၊

ကိုဘမောင် တယောက် သူမဓါတ်ပုံ ကြည့်လျက် သူ့ကိုသူ ပြောနေ သည်က -

“ဒါ ငါ့မိန်းမ မဟုတ်ဘူး- ဒါ ငါ့မိန်းမ မဟုတ်ဘူး” ဟူ၍ ဖြစ်သည်၊




မအောင့်နိုင်လို့




ပင်လယ်ပြင်တွင်သင်္ဘောပျက်၍ အသက်ကယ် ဖောင်လေးနှင့် လွတ်မြောက်လာသူ ကိုဒသဂီရိ ၊ ကိုဇော်ဂျီ ၊ ကိုစကူ သုံးဦး သည် ကျွန်းတကျွန်းပေါ်သို့ ဆိုက်ရောက်လာသည်။

ထိုကျွန်းပေါ်ရှိ လူသားစား လူရိုင်းများက ၎င်းတို့ကို ဖမ်းဆီး လိုက်ကာ လူရိုင်းဘုရင်ထံ ခေါ်ဆောင်သွား သည်။

လူရိုင်းဘုရင်က “အေး ဒီကျွန်းပေါ် ရောက်လာသူတွေကို ငါတို့က သတ်စားလေ့ရှိတယ်။ ဒါပေမယ့် မသတ်ခင် မှာတော့ အခွင့်အရေး တခုပေးတယ်။ အဲဒါက မင်းတို့ တွေ တနာရီ အတွင်းမှာ သစ်သီး ၁၀ လုံးစီ ယူလာဖို့ပဲ။ အဲဒါ မင်းတို့ သစ်သီး ဆယ်လုံးစီ အမြန်သွားရှာခဲ့ကြ။”

သုံးယောက်သား အပြေးလေး ထွက်သွားကြသည်။



ပထမဆုံး ကိုဒသဂီရိ က ပန်းသီး ဆယ်လုံးကောက်ယူ၍ ပြန်ရောက်လာသည်။

ထိုအခါ လူရိုင်းဘုရင်က “အဲဒီ ပန်းသီး ဆယ်လုံးကို မင်းစအိုထဲကို တလုံးချင်း သွင်းရမယ်။ မင်း မျက်နှာမှာ ဘာခံစားချက်မှ မပြရဘူး။ တကယ်လို့ မင်းမျက်နှာမှာ တစုံတရာ စိတ်ခံစားမှုပြသရင် မင်းကို သတ်စားမယ်။”

ကိုဒသဂီရိ က အကောင်းဆုံး ကြိုးစားသည်။ သို့သော် သုံးလုံးမြောက်တွင် နာကျင်မှုကြောင့် မျက်နှာ ရှုံ့မဲ့သွားမိ၏။ ချက်ချင်း အသတ်ခံလိုက်ရသည်။

ထို့နောက် ဒုတိယ ကိုဇော်ဂျီ ပြန်ရောက်လာ၏။ သူ့လက်တွင် ညောင်သီး ဆယ်လုံး ပါလာသည်။ လူရိုင်းဘုရင်က သူ့ကို ပထမ လူအတိုင်း စေခိုင်းသည်။ ဒုတိယ လူက သူ့အတွက် အခက်အခဲမရှိနိုင်ကြောင်း သိ၍ ၀မ်းသာသွား သည်။ သို့သော် ၉ လုံးမြောက် ညောင်စေ့ သွင်းပြီး ချိန်တွင် မအောင့် မအီးနိုင် ရယ်မောလိုက်မိသည်။ ထို့နောက် အသတ်ခံလိုက်ရသည်။

ကိုဒသဂီရိ နှင့် ကိုဇော်ဂျီတို့ နှစ်ယောက် တမလွန်ဘ၀တွင် ဆုံဆည်းမိကြ၏။

ကိုဒသဂီရိ - “ဟေ့ကောင် မင်းတော်တော်ညံတဲ့ကောင်ပဲ။ ငါ့ရဲ့ပန်းသီးတွေက အကြီးကြီးတွေမို့ ထားပါတော့၊ မင်းညောင်သီးလေးတွေက ဘာခက်တာမှ မဟုတ်ဘူး။ အဲဒါ မင်းက ဘာလို့ အောင်မြင်ခါနီးကျမှ ရယ်ရတာလဲ။”

ကိုဇော်ဂျီ - “မင်းငါ့ကို အပြစ်မတင်နဲ့။ မင်းလည်း ငါ့နေရာမှာဆို ဒီလိုဖြစ်မှာပဲကွ။”

ကိုဒသဂီရိ - “ဘယ်လိုဖြစ်လို့လဲကွ။”

ကိုဇော်ဂျီ - “ဘယ်လိုဖြစ်ရမလဲ ငါ့ကို ညောင်သီး ၉ လုံးသွင်းပြီးသွားတဲ့ အချိန်မှာ ဟိုကောင်စကူ က ဒူးရင်းသီးကြီး ဆယ်လုံး ထမ်းပြန်လာတယ်လေကွာ---”




နှလုံးရောဂါ




လူအိုရုံတခုတွင် နေထိုင်နေ သော အသက် ၈၀အရွယ် ဒေါ်မာဂရက် တွင် ၀ါသနာ တခုရှိသည်။

ယင်းမှာ အပတ်စဉ် ထီမထိုးရ မနေနိုင်ခြင်း ဖြစ်သည်။

သူမထိုးလိုသော ထီနံပါတ်ကို လူအိုရုံရှိ ဆရာမလေး ဆိုဖီယာကအမြဲဝယ်ပေးရ၏။

တရက်တွင် ဒေါ်မာဂရက် ထီ ဒေါ်လာသန်း ၅၀ပေါက် ပါသည်။ သို့သော် ထီလက်မှတ်က ဆရာ မလေး ဆိုဖီယာထံတွင် ရှိနေသေး၍ ဒေါ်မာဂရက် မသိသေးပေ။ သူ့ကို အသိပေးရမည် ဖြစ်သည်။

အပတ်စဉ် ကြည့်ရှုစစ်ဆေး၍ ဆေးကုသပေးနေသော ဒေါက်တာစကူ က အကြံပေးသည်။

“အဖွားကြီးကို သူထီပေါက်တယ်ဆိုတာ တိုက်ရိုက်သွားမပြောပြနဲ့။ သူ့မှာ နှလုံးရောဂါရှိတယ်။ တော်ကြာ ၀မ်းသာလုံးဆို့ပြီး သေသွားနိုင်တယ်။”

“ဒီလိုဆို ဘယ်လို ပြောရမလဲဆရာ။ ”ဆရာမတယောက်က မေးသည်။

တခြားဆရာမတယောက်က “ဒါဆို ဆရာပဲ သွားပြောလိုက်ပါ။ ကျမတို့ထက် ဆရာက သူနဲ့ပိုရင်းနှီးတာပဲ ဥစ္စာ။ ”

သို့နှင့် ဒေါက်တာစကူ သည် ဒေါ်မာဂရက်ထီပေါက်ကြောင်း အင်မတန်သိမ်မွေ့စွာနှင့် သတင်းသွားပေးပါတော့သည်။

“အဖွား ဒီတပတ် ထီထိုးထားသေးသလား။ ”

“ထိုးတာပေါ့။ ကျမက အပတ်တိုင်း တစောင်တစောင်ထိုးနေကျ။ အခုဆို နှစ် နှစ်ဆယ်ကျော် ပြီဟာ။”

“အဖွားက ထီပေါက်ရင် ဘာတွေလုပ်မယ် စိတ်ကူးထားလဲ။”

“ဒီအသက်အရွယ်ရောက်မှတော့ ကျမမှာ ဘာရည်ရွယ်ချက်မှ ကြီးကြီးကျယ်ကျယ်မရှိပါဘူး။ ထီပေါက်ရင် လူအိုရုံကို လှုမယ်။ မိဘမဲ့ကလေးတွေအတွက် ကျောင်းတွေဖွင့်မယ်။ ဒီလောက်ပါပဲ။”

“အို ၀မ်းသာစရာပဲ။ အဖွားလုပ်ချင်တာတွေ တကယ်လုပ်ရတော့မယ် သိလား။ အဲ တကယ်လို့ အဖွားပေါက်တဲ့ ထီက ဒေါ်လာသန်း ၅၀လောက်ဖြစ်နေမယ်ဆိုရင် အဖွား ဘာတွေ ဆက်လုပ်အုံးမလဲ။”

ဒေါ်မာဂရက်က ခပ်တိုးတိုးတချက် ရယ်ပါသည်။

“ဒေါ်လာသန်း ၅၀ဆိုရင် တ၀က်ကို လှုမယ်။ ကျန်တဲ့ ဒေါ်လာ၂၅သန်းကို နေအုံး ကျမစဉ်းစားအုံးမယ်။ -------------------- အဲ ကျမမှာ သားသမီးတို့ ဆွေမျိုးတို့ဆိုတာလဲ တယောက်မှ ရှိတာမဟုတ်ဘူး။ ကျမဒီမှာ နေလာတဲ့ ကာလတလျောက်လုံး ကျမကို ဒေါက်တာကပဲ အနီးကပ် ပြုစုစောင့်ရှောက်လာတာဆိုတော့----”

“ဟုတ်- ဟုတ်ကဲ့ အဖွား --ဆက်--ဆက်ပြောပါအုံး။”

“အဲဒါဆိုတော့ ဒေါက်တာကိုပဲ အမွေ ပေးရမှာပေါ့။”

ထိုစဉ် ၀ုန်းဆိုသော အသံကြားလိုက်ရသည်။ ဒေါက်တာစကူ ပစ်လဲကျသွားခြင်း ဖြစ်သည်။ စမ်းသပ်ကြည့်သောအခါ အသက်မရှိတော့။

ဒေါက်တာစကူ တွင် နှလုံးရောဂါရှိကြောင်း ဒေါ်မာဂရက်သိလျှင် ထိုသို့ ပြောဖြစ်မည်မဟုတ်ဟု အားလုံးက သုံးသပ်ကြပါသည်။


e-mail

No comments: